Home
မြန်မာသတင်း
မတရားအသင်း ဥပဒေဖြင့် တရားစွဲခံထားရသည့် ပလက်ဝမြို့နယ်က ရွာသားများ လွတ်မြောက်
ဝဏ္ဏခွာညို
·
January 24, 2020
83245260_981054222250585_6604148602904248320_o
83145847_981053452250662_5866262213450268672_o
84067994_981053438917330_3849775501769965568_o
တနှစ်နီးပါး ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ကျေးရွာသား ၁၃ ဦးကို စွဲချက်မတင်မီ စစ်တွေမြို့နယ်တရားရုံးက  ဒီကနေ့ ပြန်လည်လွှတ်ပေးလိုက်ပါတယ်။ မတရားအသင်း ဥပဒေပုဒ်မ (၁၇) ၁၊ ၂ နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့  ပလက်ဝမြို့နယ် ချင်းလက်ဝကျေးရွာသား ၁၃ ဦးဟာ အဆိုပါ ဥပဒေနဲ့ မငြိစွန်းတာကြောင့် တရားရုံးက ပြန်လွှတ်လိုက်တာ ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်အေအေနဲ့ ဆက်စပ်မှုရှိတယ်(ရိက္ခာပို့တယ်)ဆိုပြီး ရွာသား ၁၃ ဦးကို ၂၀၁၉ ဖေဖော်ဝါရီ ၄ ရက်က ဖမ်းခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁၂ ဦးပါဝင်ပါတယ်။ သူတို့ ၁၃ ဦးကို တပ်မတော်က ဗိုလ်မှူး နိုင်အောင်ဖြိုးက တရားလိုလုပ်ပြီး တရားလိုပြသက်သေ ၉ ဦး စုစုပေါင်း ၁၀ ဦးစစ်ဆေးပြီးနောက်မှာ  ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး အခုလိုမတရားဖမ်းဆီးခံရတာကြောင့် မိသားစုတွေ များစွာနစ်နာမှုရှိတယ်လို့ ရွာသားတွေ ဘက်က ပြောပါတယ်။ အဆိုပါရွာသား ၁၃ ဦးဟာ ပြီးခဲ့နှစ်က ပလက်ဝဘက်မှာ တပ်မတော်နဲ့ အေအေတို့တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးနောက် ရွာနဲ့အနီးဆုံးဖြစ်တဲ့ ကျောက်တော်မြို့နယ်ဘက်ကို စစ်ဘေးရှောင်အနေနဲ့ ထွက်ပြေးတိမ်း ရှောင်လာတဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရတာလည်း ဖြစ်ပါတယ်။ အကြမ်းဖက်မှုဥပဒေနဲ့ ၁ဝ လလောက် အမှုရင်ဆိုင်ခဲ့ရပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်ကလည်း မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တွေက ဖမ်းဆီး တရားစွဲခံထားရတဲ့ ကျေးရွာသား ၄ ဦးကို စစ်တွေခရိုင်တရားရုံးက သက်သေမခိုင်လုံလို့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၈ ရက်နေ့ကလည်း အကြမ်းဖက်မှု ဥပဒေနဲ့ မတရားစွပ်စွဲဖမ်းဆီး ခံထားရသူ ၁၂ ဦးဟာ မှားယွင်းစွာတရားစွဲဆိုခဲ့တာဖြစ်လို့ တရားရှင်လွတ်မြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကစလို့ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ပတ်သက်လို့ သံသယနဲ့ အမှုဖွင့်ဖမ်းဆီးခံရထားရသူပေါင်း ၅၀၀ ကျော်ရှိတယ်လို့ စစ်တွေမြို့အခြေစိုက် သဇင် ဥပဒေ အထောက်အကူပြုအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024