Home
မြန်မာသတင်း
ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုလက်စွဲစာအုပ် မိတ်ဆက်
သူဇာလင်း
·
January 24, 2020
83071273_3025457224145034_4611093476149297152_o
မြန်မာနိုင်ငံစာကြည့်တိုက်အသင်းနဲ့ အာရှဖောင်ဒေးရှင်းတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုလက်စွဲစာအုပ်မိတ်ဆက်ပွဲကို ဇန်နဝါရီ ၂၄ ရက်နေ့က ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ ကျင်းပပါတယ်။ ဒီစာအုပ်ကိုတော့ ၂၀၁၅ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ တော့ ကျောင်းစာကြည့်တိုက်ပေါင်း ၁၀၀ ကျော်ကို စတင်ထုတ်ဝေသွားမှာဖြစ်ပြီး အခြေခံပညာ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေအတွက် ဒီစာအုပ်က ပိုပြီးအသုံးဝင်မှာဖြစ်ပါတယ်။ ပထမဆုံးစာအုပ်ရေပေါင်း ၄၀၀၀ ထုတ်ဝေထားပြီး လာမယ့် ဖေဖော်ဝါရီလမှာလည်း မန္တလေးမြို့မှာ စာအုပ်မိတ်ဆက်အခမ်းအနားကိုကျင်းပဖို့ ရှိပါတယ်။ ဒါ့အပြင် ကျောင်းသားတွေရဲ့ အောင်မြင်မှုအပေါ် ကျောင်းစာကြည့်တိုက်တွေရဲ့ အကျိုး သက်ရောက်မှု စကားဝိုင်းကိုလည်း ဆွေးနွေးခဲ့ပါသေးတယ်။ ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုလက်စွဲစာအုပ် ထုတ်ဝေနိုင်ဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ကူညီထောက်ပံ့ထားတာဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာတော့ အခြေခံပညာ စာသင်ကျောင်းပေါင်း ၄၇၀၀၀ ကျော်ရှိနေပြီး စာသင်ကျောင်း ၂၀၀၀၀ လောက်မှာဘဲ ကျောင်းစာကြည့်တိုက်တွေရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024