Home
မြန်မာသတင်း
ယာဉ်​ရောင်း​ဝယ်​ရေး​စခန်း​သစ်အတွက် ညှိနှိုင်း​စေချင်
အေးနိုင်
·
February 25, 2013
ရန်ကုန်မြို့​တော်စည်ပင်သာယာအ​နေနဲ့​ ဟံသာဝတီယာဉ်​ရောင်း​ဝယ်​ရေး​စခန်း​မှာ အ​ခြေချလုပ်ကိုင်​နေတဲ့​ ​မော်​တော်ယာဉ်သမား​တွေကို ဒီလ ၂၈ ရက်​နေ့​ ​ပြောင်း​ခိုင်း​တာဟာ ညှိနှိုင်း​တာ မဟုတ်တဲ့​အတွက် မ​ပြောင်း​ပေး​နိုင်ဘူး​လို့​ ကား​ရောင်း​ဝယ်သမား​တွေက ​ပြောပါတယ်။ ဟံသာဝတီယာဉ်​ရောင်း​ဝယ်​ရေး​စခန်း​ (ကြံ​တောသင်း​င်္ချိုင်း​ဟောင်း​) မှာ ၁၆ နှစ်ကြာ အ​ခြေချလုပ်ကိုင်ခဲ့​သူ​တွေကို ရန်ကုန်မြို့​တော်စည်ပင်သာယာက ဒီလ ၁၆ ရက်နဲ့​ ၂၀ ရက်​နေ့​တွေမှာ တကြိမ်ဆီ ​မေတ္တာရပ်ခံစာ ​ပေး​ပို့​ဖယ်ခိုင်း​ပြီး​ သီရိမင်္ဂလာ​ဈေး​ဟောင်း​နေရာကို ​ပြောင်း​ရွှေ့​ခိုင်း​တာပါ။ ရည်ရွယ်ချက်က​တော့​ ရန်ကုန်ကား​ပလာဇာကို ရန်ကုန်မြို့​တော်စည်ပင်သာယာက ၅၅ ရာခိုင်နှုန်း​နဲ့​ အကျိုး​တူကုမ္ပဏီတခုက ၄၅ ရာခိုင်နှုန်း​ ထည့်​ဝင်ပြီး​ အ​ကောင်အထည်​ဖော်ဖို့​အတွက် ဖယ်ခိုင်း​တာဖြစ်ပါတယ်။ ကြံ​တောသင်း​င်္ချိုင်း​ဟောင်း​မှာ လက်ရှိ လုပ်​နေကြတဲ့​ ​မော်​တော်ကား​ရောင်း​ဝယ်​ရေး​ စခန်း​နေရာဟာ ၁၉၉၇ ခုနှစ်က မြို့​တော်ဝန် ဦး​ကို​လေး​လက်ထက်မှာ ခွင့်​ပြုခဲ့​တဲ့​ ​နေရာဖြစ်ပါတယ်။ အခုလို ရုတ်တရက်ဖယ်ခိုင်း​တာနဲ့​ ပတ်သက်လို့​ မြန်မာနိုင်ငံ ​မော်​တော်ကား​ရောင်း​ဝယ်​ရေး​အသင်း​ချုပ် (ဗဟို) ဥက္ကဋ္ဌ ဦး​အောင်သန်း​ဝင်း​က ခုလို ​ပြောပါတယ်။ “ဘယ်သူမှ မသွား​ဖူး​မလာဖူး​တဲ့​နေရာကို စတိုး​ခဲ့​ရတာ။ အ​ခေါင်း​တွေ၊​ အရိုး​တွေ​ပေါ်မှာ လုပ်ကိုင်စား​သောက်ရတာ။ ဒီလိုအနစ်နာခံလာပြီး​ စည်လာ​တော့​မှ မင်း​တို့​ပြောင်း​ကြ​တော့​ဆိုတာဟာ နိုင်ထက်စီး​နင်း​၊​ အာဏာရှင်ဆန်လွန်း​တာ​ပေါ့​။ ကျ​နော်တို့​ နှစ်​ပေါင်း​များ​စွာ ၁၅ နှစ်​လောက် ​ပြောင်း​လာပြီး​ပြီ။ ကျ​နော်တို့​ကို သတ်သတ်မှတ်မှတ်​နေရာတခု၊​ တည်တည်တံ့​တံ့​နဲ့​ သား​စဉ်​မြေး​ဆက် လုပ်ကိုင်စား​သောက်ရမယ့်​နေရာမျိုး​၊​ ရန်ကုန်မြို့​နဲ့​အနီး​အနား​ဝန်း​ကျင်မျိုး​ကို နှစ်ဦး​နှစ်ဖက် ညှိနှိုင်း​ဖြေရှင်း​ရင် မ​ပြေလည်နိုင်စရာအ​ကြောင်း​မရှိပါဘူး​။ တ​ယောက်နဲ့​တ​ယောက် ညှိနှိုင်း​တာ တကြိမ်မရ နှစ်ကြိမ်၊​ နှစ်ကြိမ်မရ သုံး​ကြိမ် အ​ဖြေတခု​တော့​ ထွက်မှာပဲ။ ထွက်လာရင်လည်း​ သူလိုချင်တဲ့​အ​ဖြေ အပြည့်​အဝ ရချင်မှရမယ်။ ကျ​နော်တို့​လိုချင်တဲ့​ အ​ဖြေရချင်မှရမယ်။ တ​ယောက်နဲ့​တ​ယောက် ​ကျေနပ်​လောက်တဲ့​အ​ဖြေက​တော့​ ရသွား​မှာပဲ​လေ။ လက်နက်ကိုင်အဖွဲ့​အစည်း​တွေ​တောင် တ​ယောက်နဲ့​တ​ယောက် ညှိနှိုင်း​ဆောင်ရွက်ရင် ​အောင်မြင်မှုဆိုတာ ရ​သေး​တာပဲ။ ညှိနှိုင်း​ချက်ကို မရ​သေး​ဘဲ သူတို့​က အာဏာရှင်ဆန်ဆန်နဲ့​ ​ခွေး​မောင်း​သလို နှင်ထုတ်​နေတာက​တော့​ သဘာဝသိပ်မကျဘူး​။” ရန်ကုန်မြို့​တော်စည်ပင်သာယာအ​နေနဲ့​ အစိုး​ရအ​ပြောင်း​အလဲရှိတဲ့​နည်း​တူ အရင်​ခေတ်က ကိုင်တွယ်​ဆောင်ရွက်မှုပုံစံမျိုး​နဲ့​ ကိုင်တွယ်တာကို မလိုလား​ဘဲ ညှိနှိုင်း​ဆောင်ရွက်တာကိုသာ လိုလား​တယ်လို့​လည်း​ ဦး​အောင်သန်း​ဝင်း​က ​ပြောပါတယ်။ “ဟံသာဝတီ ယာဉ်​ရောင်း​ဝယ်​ရေး​စခန်း​မှာ ကွပ်ကဲ​ရေး​ရုံး​ တာဝန်ခံရှိတယ်။ အဲဒီရုံး​ကို ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီ အခွန်ဌာနက ဌာနမှူး​ ဦး​ကျော်မင်း​ခေါင်း​ဆောင်တဲ့​အဖွဲ့​ လာပြီး​တော့​ ကျ​နော်တို့​နဲ့​ ညှိနှိုင်း​ဆွေး​နွေး​တယ်။ ညှိနှိုင်း​ဆွေး​နွေး​တယ်ဆိုတာက သူတို့​တင်ပြတာကိုပဲ ကျ​နော်တို့​က နား​ထောင်ရတာပါ။ ကျ​နော်တို့​တင်ပြချက်ကို ဘာမှလည်း​ အ​ဖြေ​ပေး​နိုင်တာ မဟုတ်ဘူး​။ သူတို့​က သီရိမင်္ဂလာ​ဈေး​အ​ဟောင်း​ကို ​ပြောင်း​ရမယ်ဆိုတာပဲ ​ပြောတာ။ ကျ​နော်တို့​ရဲ့​ ဆန္ဒနဲ့​ ဖြစ်ချင်တာကို သူတို့​ကို ​ပြောလို့​လည်း​ မရဘူး​။” ရန်ကုန်မြို့​တော်စည်ပင်ကို ဆက်သွယ်​မေး​မြန်း​ဖို့​ ကြိုး​စား​ပေမယ့်​ မရ​သေး​ပါဘူး​။ ပြီး​ခဲ့​တဲ့​၂၀၁၂ ခု မတ်လ ၂၈ ရက်တုန်း​ကလည်း​ အဲဒီ ယာဉ်​ရောင်း​ဝယ်​ရေး​စခန်း​ကို တင်ဒါ ​ခေါ်ဖူး​ပြီး​၊​ အဲဒီတုန်း​ကလည်း​ မလိုလား​ကြောင်း​ ဆန္ဒထုတ်​ဖော်ခဲ့​ပါတယ်။ အဲဒီတုန်း​က ရန်ကုန်မြို့​တော်ဝန် ဦး​လှမြင့်​တို့​က ဒီ​နေရာမှာ အဆင့်​မြင့်​စီမံကိန်း​တခုလုပ်ဖို့​ ရှိ​ကြောင်း​ ​ပြောဖူး​ပြီး​ ဒီကား​ရောင်း​ဝယ်​ရေး​သမား​တွေကို ဘယ်ကိုမှ မ​ပြောင်း​ဘဲ ဒီမှာပဲ လုပ်ကိုင်စား​သောက်ဖို့​ ကတိပြုခဲ့​ဖူး​တယ်လို့​ ကား​သမား​တွေက ​ပြောပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024