DVB Logo
Home
မြန်မာသတင်း
သမ္မတထံစာပို့​ပြီး​နောက် တိုက်ပွဲများ​ ငြိမ်သက်​နေဟု ရှမ်း​တပ်​ပြော
DVB
·
February 25, 2013
သမ္မတထံစာပို့​ပြီး​နောက် တိုက်ပွဲများ​ ငြိမ်သက်​နေဟု ရှမ်း​တပ်​ပြော
Donate to DVB

အစိုး​ရတပ်နဲ့​ တိုက်ပွဲ​တွေ ပြန်ဖြစ်​နေ​ကြောင်း​ သမ္မတကို ဒုတိယအကြိမ် စာပို့​ပြီး​နောက် တိုက်ပွဲ​တွေ ငြိမ်သက်​နေတယ်လို့​ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​က ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​အပတ် ၁၉ ရက်​နေ့​က အစိုး​ရက ရှမ်း​ပြည်တပ်မ​တော် ​မြောက်ပိုင်း​ကို တိုက်ခိုက်မှုနဲ့​ပတ်သက်ပြီး​ သမ္မတ ဦး​သိန်း​စိန်ထံ ​ဖေ​ဖော်ဝရီ ၂၀ ရက်​နေ့​က တင်ပြခဲ့​ပေမယ့်​ တိုက်ပွဲ​တွေ ဆက်ဖြစ်တာ​ကြောင့်​ ၂၂ ရက်​နေ့​ ည​နေမှာ သမ္မတထံ ထပ်မံတင်ပြခဲ့​ပြီး​နောက်ပိုင်း​ တိုက်ပွဲရပ်စဲသွား​တယ်လို့​ ဆိုပါတယ်။

ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​အဖွဲ့​က နယ်​မြေဖွံ့​ဖြိုး​ရေး​အတွက် တန့်​ယန်း​မြို့​နယ် နမ့်​လောဝ်း​ကျေး​ရွာအုပ်စုက လွယ်လန်း​ဒေသမှာ ခုတ်ထွင်ရှင်း​လင်း​ပြီး​ စိုက်ပျိုး​ရေး​ လုပ်ကိုင်ခဲ့​ပါတယ်။ အစိုး​ရတပ်ဘက်က နယ်​မြေကျုး​ကျော်တယ်ဆိုပြီး​ ဆုတ်ခွာ​ပေး​ဖို့​ ​ပြောဆိုခဲ့​တာကို ရှမ်း​တပ်က ဆုတ်မ​ပေး​တဲ့​အတွက် ပစ်ခတ်မှု​တွေ ဖြစ်ပွား​ခဲ့​တာပါ။

[caption id="attachment_36770" align="alignright" width="150" caption="ဗိုလ်မှူးစိုင်းလ"][/caption]

သမ္မတဆီ စာ​ပေး​ပို့​ခဲ့​တဲ့​အ​ကြောင်း​အရာနဲ့​ပတ်သက်ပြီး​ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​ ​ပြောခွင့်​ရ ဗိုလ်မှူး​စိုင်း​လက “၂၂ ရက်​နေ့​က သမ္မတဆီစာတင်လိုက်တယ်​လေ။ စာထဲမှာပါတာက လက်ရှိ တိုက်ပွဲဖြစ်တဲ့​နေရာနဲ့​ တပ်မ​တော်က ထိုး​စစ်ဆင်တဲ့​ဒေသ​တွေဟာ တပ်မဟာ ၃၆ရဲ့​ ​နေရာချထား​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​လုပ်ငန်း​ စီမံကိန်း​ တင်ထား​တဲ့​နေရာ​ပေါ့​။ အဲ​နေရာ​တွေကို ထိုး​စစ်ဆင်​နေရင် အပစ်ခတ်ရပ်ထား​တဲ့​ သ​ဘောတူညီချက်ပျက်ပြား​သွား​တဲ့​ အ​နေအထား​မျိုး​ သက်​ရောက်သွား​နိုင်မယ်​ပေါ့​။ သမ္မတကလည်း​ တိုက်ပွဲ​တွေ ဆက်မဖြစ်ဖို့​ သူ့​တပ်​တွေဆုတ်​ပေး​ဖို့​ သက်ဆိုင်ရာ တိုင်း​ဌာနချုပ်ဆီ ညွှန်ကြား​ပေး​မယ်​ပြောတယ်။ ဦး​အောင်မင်း​တို့​က​နေ ဦး​သိန်း​ဇော်က​နေ တဆင့်​ ကျ​နော်တို့​ဆီ ဖုန်း​နဲ့​ပြောတယ်​လေ။ အခု ဒီ ၂ ရက်မှာ​တော့​ တိုက်ပွဲ​တွေ မဖြစ်​တော့​ဘူး​” လို့​ ​ပြောပါတယ်။

လတ်တ​လောအ​ခြေအ​နေ ငြိမ်သက်​နေ​ပေမယ့်​ အစိုး​ရတပ်ဘက်က လွယ်လန်း​တောင်​ခြေက​နေ မဆုတ်ခွာ​သေး​ဘူး​လို့​ ဆိုပါတယ်။

ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​နဲ့​ဖြစ်တဲ့​ တိုက်ပွဲသတင်း​ကို မြန်မာအစိုး​ရဘက်က တစုံတရာ ထုတ်​ဖော်​ပြောဆိုခြင်း​မရှိသလို တိုက်ပွဲသတင်း​တွေနဲ့​ ပတ်သက်လို့​ လက်ခံ​ဖြေကြား​မယ့်​သူလည်း​ အစိုး​ရဘက်က ထုတ်ပြန်ထား​တာမရှိပါဘူး​။

ရှမ်း​ပြည်တပ်မ​တော် ​မြောက်ပိုင်း​အဖွဲ့​ဟာ အစိုး​ရနဲ့​ ၂၀၁၀ ခုနှစ်ထဲမှာ အပစ်ခတ်ရပ် သ​ဘောတူ လက်မှတ်​ရေး​ထိုး​ထား​ပေမယ့်​လည်း​ တိုက်ပွဲ​တွေ အနည်း​ဆုံး​ ၈၀ ​ကျော် ပြန်ဖြစ်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013