စပါးစ်ကွင်းလယ်ကစားသမား အဲရစ်ခ်ဆင် အပြောင်းအရွှေ့ သတင်း ၂ မျိုးထွက်နေ 

အင်တာမီလန်အသင်းဟာ စပါးစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ခရစ်စတီယန်အဲရစ်ခ်ဆင်ကို ခေါ်ယူဖို့ သီတင်းတပတ်အတွင်း ဆေးစစ်မယ်လို့ သတင်းထွက်နေသလို ဘာစီလိုနာအသင်းကလည်း သူ့ကိုခေါ်ဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပြန်ပါတယ်။ ဒိန်းမတ်ကွင်းလယ်လူရဲ့ အပြောင်း‌အရွှေ့ကတော့ အသင်းကြီးတော်တော်များများနဲ့ သတင်း ထွက်ခဲ့ပြီးနောက် အင်တာမီလန်အသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီဖြစ်ကြောင်း မကြာသေးခင်ကမှ  အတည်ပြုခဲ့တာဖြစ်ပါတယ်။ လတ်တလော ဘာစီလိုနာအသင်းရဲ့ကမ်းလှမ်းချက်ကို ကစားသမားအတွက်ရော စပါးစ်အသင်းအတွက်ပါ  စိတ်ဝင်စားဖို့ ကောင်းနေခဲ့လို့ အင်တာမီလန်အသင်းရဲ့ ၁၇ ဒသမ ၅သန်းနဲ့ သဘောတူညီချက်ထက်သာနိုင်တယ်ဆိုတဲ့ သတင်းတွေလည်းထွက်နေခဲ့ပါတယ်။ အဲရစ်ခ်ဆင်ကတော့ ရာသီကုန်မှာ စပါးအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်သလို အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up