Home
မြန်မာသတင်း
ယာယီနိုင်ငံကူး​လက်မှတ် အတုလုပ်သည့်​ မြန်မာရဲဝန်ထမ်း​ဟောင်း​တဦး​ ဖမ်း​ဆီး​ခံရ
DVB
·
February 25, 2013
မြန်မာ​ရွှေ့​ပြောင်း​အလုပ်သမား​တွေကို ယာယီနိုင်ငံကူး​လက်မှတ်အတု လုပ်​ပေး​နေတဲ့​ မြန်မာရဲဝန်ထမ်း​ဟောင်း​တဦး​ကို တာ့​ခ်ခရိုင် မဲ​ဆောက်မြို့​နယ် လူဝင်မှုကြီး​ကြပ်​ရေး​ (လဝက) က ဖမ်း​ဆီး​လိုက်တယ်လို့​ ထိုင်း​သတင်း​ဌာနမှာ ​ဖော်ပြသွား​ပါတယ်။ မဲ​ဆောက်မြို့​နယ် လဝက ညွှန်ကြား​ရေး​မှူး​ ရဲမှူး​ကြီး​ ဖုန်း​နခွန်း​ နခွန်း​ဆန်တိဖပ်က “အလုပ်သမား​တွေအတွက် ယာယီနိုင်ငံကူး​လက်မှတ်အတု လုပ်​ပေး​နေတဲ့​အဖွဲ့​က ဦး​အောင်ကိုလတ် (ရန်ကုန်က ရဲဝန်ထမ်း​ဟောင်း​) ကို ဒီက​နေ့​ပဲ သူငှား​ရမ်း​နေထိုင်ရာ မဲ​ဆောက်မြို့​ ထာ့​ဆိုင်လွတ်ရပ်ကွက် ထိုင်း​-မြန်မာချစ်ကြည်​ရေး​ တံတား​လမ်း​ကြား​ထဲက တိုက်ခန်း​မှာ သွား​ရောက်ဖမ်း​မိခဲ့​တယ်” လို့​ ထိုင်း​သတင်း​ထောက်​တွေကို ​ပြောကြား​ခဲ့​ပါတယ်။ ပြီး​ခဲ့​တဲ့​ ​ဖေ​ဖော်ဝါရီ ၁၄ ရက်​နေ့​က မြဝတီက​နေ မဲ​ဆောက်မြို့​အဝင် ထိုင်း​လဝက ဂိတ်မှာ မဖြိုး​ဖြိုး​ဝင်း​ (အသက် ၁၆) နှစ်ရဲ့​ ယာယီနိုင်ငံကူး​လက်မှတ် MWD 075821 မှာ မဲ​ဆောက် လဝကတံဆိပ်တုံး​ အတုကို စစ်​ဆေး​မိရာက ​ခြေရာခံ လိုက်လံဖမ်း​ဆီး​ခဲ့​တာလို့​ ဆိုပါတယ်။ ဒီကိစ္စမှာ ဦး​အောင်ကိုလတ်ရဲ့​ ဇနီး​ဖြစ်သူ မ​အေး​ (အသက် ၅၀) နှစ်က အဓိက တရား​ခံဖြစ်ပြီး​ သူမနဲ့​တကွ နိုင်ငံကူး​လက်မှတ်အတုလုပ်တဲ့​ ဂိုဏ်း​တခုလုံး​ကို ဖမ်း​ဆီး​ရမိဖို့​ ဆက်ကြိုး​စား​သွား​မယ်လို့​ ဒုဗိုလ်မှူး​ကြီး​ ဖုန်း​နခွန်း​ နခွန်း​ဆန်တိဖပ်က ထိုင်း​သတင်း​ထောက်​တွေကို ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024