ကိုရိုနာဗိုင်းရပ်စ်  ပြန့်ပွားမှုမဖြစ်ရေးအတွက် အရေးပေါ်တုံ့ပြန်ရေးအစီအစဉ် တရုတ်စတင်

တရုတ်နှစ်သစ်ကူး ခရီးသွားရာသီအတွင်း ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ရေး စောင့်ကြပ်ဖို့ တရုတ်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက အဆင့် ၂ အရေးပေါ် တုံ့ပြန်ရေးအစီအစဉ်ကို ဇန်နဝါရီ ၂၂ ရက်မှာ စတင်လိုက်ပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော်ရဲ့ ၁၃ ရက်မြောက်နေ့မှာ နိုင်ငံတဝန်း ခရီးသည် ၁၁ ဒသမ ၈သန်း ဟာ ရထားစီးကြမယ်လို့ ခန့်မှန်းထားပြီး ဒီပမာဏဟာ တနှစ်လုံး ခရီးသွားဦးရေရဲ့ ၁၅ ရာခိုင်နှုန်းနီးပါးရှိပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံမှာ အဆုတ်ရောင်ရောဂါကိုဖြစ်စေတဲ့ (2019-nCoV) ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်ကူးစက်နေလို့ အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်တွေ စတင် လုပ်ဆောင်ခဲ့ပါတယ်။ ဗိုင်းရပ်စ်စတင် ကူးစက်ရာ ဝူဟန်မြို့ကို အဝင်အထွက် ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရင် အဖိုးအခ မယူဘဲ သက်ညှာခွင့်ပေးဖို့ တရုတ်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ အမျိုးသားရထားလုပ်ငန်း စီမံရေးဌာန၊ အရပ်ဘက်လေကြောင်း စီမံရေးဌာနနဲ့ တရုတ် ရထားလုပ်ငန်းစုကုမ္ပဏီတို့က ဆုံးဖြတ်ခဲ့ကြပါတယ်။  ဒါ့အပြင် အစိုးရစာတိုက်ဌာနကလည်း ဝူဟန်မြို့ရှိရာ ဟူဘေးပြည်နယ်တခုလုံးက လာတဲ့ ချောစာထုပ်တွေကနေတဆင့် ကူးစက်မှု ထိန်းချုပ်ရေးစီမံကိန်းကို အဆိုပြုပြီး အဆင့်၂ အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်ကို စတင်လိုက်ပါတယ်။ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတွေကတော့ နှစ်သစ်ကူးရာသီမှာ သယ်ပို့ရေးဝန်ဆောင်မှု လုပ်ငန်းတွေ အနှောင့်အယှက် မဖြစ်စေမယ့် လုပ်ငန်းစဉ်တရပ် အာမခံ ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ချောစာထုပ် သယ်ပို့ရေးဝန်ထမ်းတွေအတွက် ကျန်းမာရေးနဲ့ ဘေးကင်းရေးသေချာစေဖို့ ကူးစက်မှုဟန့်တားရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အားဖြည့်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up