ဟောင်ကောင်မင်းသား ဂျက်ကီချန်းပါဝင်သည့် ရုပ်ရှင်ကားသစ်-Vanguard(နမူနာ)

ဝါရင့်ဟောင်ကောင်အက်ရှင်မင်းသား ဂျက်ကီချန်း ခေါင်းဆောင်ပါဝင်ထားတဲ့ Vanguard ရုပ်ရှင်ကို လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ ဒီကားကိုတော့ ဟောင်ကောင်ရုပ်ရှင်ဒါရိုက်တာ Stanley Tong က ရိုက်ကူးပုံဖော် ပေးထားတာဖြစ်ပြီး China Film Group Corporation (CFGC) ကနေ ဖြန့်ချိပေးသွား မှာ ဖြစ်ပါတယ်။ Vanguard ဆိုတာကတော့ ကြေးစားစစ်ပြန်တွေ၊ အထူးလုံခြုံရေးသမားတွေနဲ့ ဖွဲ့ စည်းထားတဲ့ အဖွဲ့တဖွဲ့ဖြစ်ပြီး အရေးကြီးပုဂ္ဂိုလ်တွေ၊ တာဝန်ရှိသူတွေရဲ့ အထူးလုံခြုံရေး တာဝန်ယူဝန်ဆောင်မှုပေးနေတာပါ။ ဒီတခါမှာတော့ အင်အားကြီးတဲ့ ကြောက်စရာ ကောင်းတဲ့ စစ်ဘက်ကြေးစားအဖွဲ့အစည်းတခုရဲ့ ပစ်မှတ်တခုဖြစ်လာပြီး အသက်အန္တ ရာယ်နဲ့ ကြုံတွေ့လာရတဲ့ ငွေစာရင်းကိုင်တစ်ယောက်ကို ကာကွယ်ဖို့၊ လွတ်မြောက် အောင် လုပ်ဆောင်ရဖို့ ဖြစ်လာချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ၊ ဘယ်လို အန္တရာယ်တွေ နဲ့ ရင်ဆိုင်ကြရဦးမလဲဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ ဂျက်ကီချန်းနဲ့အတူ သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြ တဲ့ Yang Yang ၊ Miya Muqi တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ မန်ဒရင်းနဲ့ အင်္ဂလိပ် ဘာ သာတွေနဲ့ ရိုက်ကူးထားခဲ့တာဖြစ်ပြီး ဒူဘိုင်း၊ ယူအေအီးနဲ့ ထိုင်ဝမ်နိုင်ငံတွေမှာ ရိုက်ကူး ထားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up