A d v e r t i s e m e n t With Us

ဝန်ထမ်း​များ​ကို လစာတိုး​ပေး​ရန် သူရဦး​ရွှေမန်း​ တင်ပြ

နိုင်ငံ့​ဝန်ထမ်း​တွေ ကိုယ့်​ဂုဏ်သိက္ခာနဲ့​အညီ ရပ်တည်နိုင်ဖို့​အတွက် ၂၀၁၃-၁၄ ဘဏ္ဍာ​ရေး​နှစ်အတွင်း​ လစာစရိတ်ကို သင့်​တင့်​မျှတစွာ ဖြည့်​ဆည်း​ပေး​ရေး​ ​ဆောင်ရွက်ဖို့​ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​က ပြည်​ထောင်စုလွှတ်​တော်မှာ အမတ်​တွေကို တိုက်တွန်း​လိုက်ပါတယ်။ ဒီလို လစာ တိုး​ပေး​ဆောင်ရွက်ရာမှာ လက်ရှိ အစိုး​ရက တင်ပြထား​တဲ့​ သာမန်သုံး​ငွေကို ထပ်​တောင်း​ဖို့​ မလိုဘဲ ​ခေါင်း​စဉ်လွှဲ​ပြောင်း​တဲ့​နည်း​နဲ့​ ​ဆောင်ရွက်ဖို့​လည်း​ လမ်း​ညွှန်လိုက်ပါတယ်။ ဒီ​နေ့​ ​ဖေ​ဖော်ဝါရီ ၂၅ ရက်​နေ့​မှာ ကျင်း​ပတဲ့​ ပြည်​ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​မှာ သူရဦး​ရွှေမန်း​က ဝန်ထမ်း​တွေ လစာတိုး​ပေး​ရေး​၊​ အခွန်ဌာနရဲ့​ နည်း​ဥပ​ဒေ​တွေ၊​ ညွှန်ကြား​ချက်​တွေနဲ့​ အမိန့်​ကြော်ငြာ စ​တော​တွေအား​လုံး​ လွှတ်​တော်ကို တင်ပြပြီး​ လွှတ်​တော်က စိစစ် ဥပ​ဒေပြု​ပေး​ရေး​ အပါအဝင် အချက် ၇ ချက်ကို တင်ပြခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up