DVB Logo
Home
သတင်းတို
အစိုး​ရရဲ့​ ကား​ဝယ်မည့်​ အစီအစဉ် လွှတ်​တော်အမတ် အပြင်း​အထန် ကန့်​ကွက်
DVB
·
February 25, 2013
Donate to DVB

လာမယ့်​ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ အစိုး​ရအဖွဲ့​အ​နေနဲ့​ မာစီဒီး​ ကျည်ကာကား​တွေ အပါအဝင် တိုယိုတာ ကင်မရီ၊​ မာစီဒီး​ ဆီဒင်နဲ့​ ​အော်ဒီ ​အေစစ် စတဲ့​ ​နောက်ဆုံး​ပေါ်ကား​တွေ ဝယ်ယူဖို့​အတွက် ကျပ်​ငွေ ၁၈ ဘီလီယံဖိုး​ သုံး​မယ့်​အ​ပေါ် ပဲခူး​တိုင်း​ ဒိုက်ဦး​မြို့​နယ် ပြည်သူ့​လွှတ်​တော်အမတ် ဦး​မင်း​ဆွေက အပြင်း​အထန် ကန့်​ကွက်လိုက်ပါတယ်။

ဒီ​နေ့​ကျင်း​ပတဲ့​ ပြည်​ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​မှာ သူက အစိုး​ရအဖွဲ့​ဟာ ပြီး​ခဲ့​တဲ့​နှစ်ကလည်း​ ​နောက်ဆုံး​ပေါ်ကား​သစ်​တွေ ဝယ်ဖို့​အတွက် ကျပ် ၁၀ ဘီလီယံနဲ့​ ​ဒေါ်လာ ၁၀ သန်း​ကျော် သုံး​ခဲ့​ပြီး​ဖြစ်​ကြောင်း​၊​ သူတို့​ လွှတ်​တော်အမတ်​တွေက​တော့​ တ​နေ့​ ကျပ် ၅၀၀ ​ပေး​ပြီး​ ဘတ်စ်ကား​နဲ့​ လွှတ်​တော် တက်​နေရ​ကြောင်း​၊​ သူတို့​လွှတ်​တော်အမတ် ၆၆၀ ​ကျော်ကို သိန်း​ ၁၀၀ တန်ကား​ ဝယ်​ပေး​မယ် ဆိုရင်​တောင် ကျပ် သန်း​ ၆ ​ထောင်​ကျော်ပဲ ကုန်မှာဖြစ်​ကြောင်း​ နှိုင်း​ယှဉ် ​ပြောဆိုပါတယ်။

ဒီအတွက် အစိုး​ရ ကား​ဝယ်မယ့်​ ဘတ်ဂျက်ကို တဝက်​လောက် ဖြတ်​တောက်သင့်​တယ်ဆိုပြီး​ သူက မှတ်ချက်​ပေး​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013