ကချင်လွတ်​မြောက်​ရေး​ တပ်မ​တော်နှင့်​ ပတ်သက်သူကို ​ထောင်ဒဏ် ၂ နှစ်ချ

ကချင်ပြည်နယ် မြစ်ကြီး​နား​မြို့​နယ်တရား​ရုံး​က ကချင်လွတ်​မြောက်​ရေး​တပ်မ​တော် (​ကေအိုင်​အေ) နဲ့​ ပတ်သက်တယ်ဆိုပြီး​ ဖမ်း​ဆီး​ရုံး​တင်ထား​သူကို ​ထောင်ဒဏ် ၂ နှစ် စီရင်လိုက်ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီး​နား​ မြို့​နယ် တရား​ရုံး​က ​ဖေ​ဖော်ဝါရီ ၂၄ ရက်​နေ့​က ​ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်စီရင်လိုက်တာ ဖြစ်ပါတယ်။ ဦး​မနန်တူး​ဂျာဟာ ကချင်လွတ်​မြောက်​ရေး​ တပ်မ​တော်နဲ့​ ပတ်သက်တယ်၊​ မတရား​အသင်း​နဲ့​ ဆက်သွယ်မှု ပုဒ်မ ၁၇ နဲ့​ ငြိစွန်း​တယ်လို့​ ဆုံး​ဖြတ်ပြီး​ စီရင်လိုက်တာလို့​ ဇနီး​ဖြစ်သူ ​ဒေါ်ရွယ်ဘိုက ​ပြောပါတယ်။ ဦး​မနန်တူး​ဂျာကို မနှစ် ​မေလက ဂျမိုင်​ကောင် ဒုက္ခသည်စခန်း​မှာ ဖမ်း​ဆီး​ခဲ့​ပြီး​နောက် ၉ လအကြာမှာ ပြစ်ဒဏ်ချမှတ်ခဲ့​တာဖြစ်ပါတယ်။ ​ကေအိုင်​အေ တပ်​တွေက ဦး​မနန်တူး​ဂျာကို တနှစ်​လောက် ​ခေါ်​ဆောင်သွား​ခဲ့​ရာက​နေ ​ကေအိုင်​အေထံက​နေ ထွက်​ပြေး​လာပြီး​တော့​ အခုလို အဖမ်း​ခံရ၊​ အမှုရင်ဆိုင်ရတာလည်း​ ဖြစ်ပါတယ်။ အပြစ်မရှိဘဲ ​ထောင်ဒဏ် ချမှတ်ခံရတာ ဖြစ်ပြီး​ ခင်ပွန်း​မရှိတဲ့​ အချိန်မှာ အခက်အခဲ​တွေနဲ့​ ရင်ဆိုင်ရတယ်လို့​ ဆိုပါတယ်။ “မ​နေ့​က ၁၇(၁) အမှုနဲ့​ပဲ ချလိုက်တာ။ ကျမတို့​က လယ်အငှား​လိုက်လုပ်တာ။ ကျမတို့​ မိသား​စုစုံစုံညီညီနဲ့​ ပြန်​နေချင်တယ်။ ကျမ​ယောကျာ်း​ တကယ်မလုပ်ပါဘူး​။ ကျမ​ယောကျာ်း​ကို ဖမ်း​သွား​တော့​ သူမရှိတဲ့​အချိန် အခက်အခဲ​တွေ အများ​ကြီး​တွေ့​ရတယ်။ သူပဲရှာ​ကျွေး​နေတာ​လေ။” မိသား​စု​တွေ​တောင် ဒုက္ခသည်စခန်း​မှာ ​ကျွေး​မွေး​ထောက်ပံ့​မှုအ​ပေါ် မှီခို​နေရတာ ဖြစ်တဲ့​အ​ကြောင်း​နဲ့​ ခင်ပွန်း​သည်အတွက် အယူခံဝင်ဖို့​ ​ငွေ​ကြေး​မတတ်နိုင်တာ​ကြောင့်​ အယူခံ မဝင်​တော့​ဘူး​လို့​ ဆက်​ပြောပါတယ်။ ဦး​မနန်တူး​ဂျာလိုပဲ ဝိုင်း​မော်မြို့​နယ်က ဦး​လ​ထော်ဘရန်​ရှောင်ဆိုတဲ့​ ကချင်အမျိုး​သား​တဦး​ ဟာလည်း​ ကချင်လွတ်​မြောက်​ရေး​တပ်မ​တော်နဲ့​ ပတ်သက်တယ်ဆိုပြီး​ အမှုရင်ဆိုင်​နေရပါတယ်။ ကုလသမဂ္ဂ လူ့​အခွင့်​အ​ရေး​ အထူး​ကိုယ်စား​လှယ် ​သောမတ်အို​ဟေး​ ကင်တား​နား​ ခရီး​စဉ်အတွင်း​မှာ သူတို့​ ၂ ဦး​နဲ့​ ​တွေ့​ဆုံခဲ့​ပြီး​တော့​ ဒီလိုဖမ်း​ဆီး​ထား​တဲ့​ အ​ခြေအ​နေဟာ စိုး​ရိမ်စရာ ​ကောင်း​တယ်လို့​ ​ပြောဆိုခဲ့​ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up