Home
မြန်မာသတင်း
ဧရာဝတီတိုင်းအစိုးရက မြို့နယ်စည်ပင်များအတွက် စက်ယန္တရားများ ထောက်ပံ့
DVB
·
January 23, 2020
83123974_768850700265942_4487581924797186048_n
83032047_768850746932604_2244098555071430656_n
82992393_768850660265946_2526553102153154560_n
82879100_768850636932615_5905664784589651968_n
82219413_768850776932601_2461498877493116928_n
ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေရဲ့ သန့်ရှင်းရေးကို သာယာလှပအောင် ဆောင်ရွက်နိုင်ဖို့ ကျပ်သိန်း ၁၀၀၀၀ ကျော်တန်ဖိုးရှိတဲ့ အမှိုက်သိမ်းကား အစီး ၂၀ နဲ့ အသေးစားမြေတူးစက် ၇ စီးတို့ကို ဇန်နဝါရီ ၂၂ ရက် မနက်က ပုသိမ်မြို့ မြို့တော်ခန်းမမှာ လွှဲပြောင်းပေးအပ်ပါတယ်။ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားမှာ မြေတူးစက်တွေနဲ့ ငွေကျပ် ၁၀၈၂၁ သိန်းတန်ဖိုးရှိတဲ့ အမှိုက်သိမ်းယာဉ်တွေကို တိုင်းအစိုးရအဖွဲ့ရဲ့ ထောက်ပံ့ရန်ပုံငွေနဲ့ မြို့နယ်အသီးသီးက စည်ပင် သာယာရေးအဖွဲ့တွေကို တတိယအကြိမ်မြောက် စက်ယန္တရားတွေ ထောက်ပံ့ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က “တိုင်းအစိုးရအဖွဲ့က ယာဉ်၊ စက်ယန္တရားတွေ ထောက်ပံ့ပေးသလို ဒီ ယာဉ်၊ စက်ယန္တရား တွေရဲ့ စွမ်းရည်ကိုအသုံးပြုပြီး မြို့ရဲ့စည်ပင်သာယာရေးလုပ်ငန်းတွေကို စည်ပင်သာယာရေး ကော်မတီတွေအနေနဲ့ ပိုမိုလုပ်ဆောင်ကြရမှာဖြစ်သလို အချိန်မတိုင်ခင် ပျက်စီးယိုယွင်းမှုမရှိအောင် ယာဉ် စက်ယန္တရားတွေကို ပြင်ဆင်ထိန်းသိမ်းမှုအပိုင်းကိုလဲ မျက်ခြေမပြတ် ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သွားဖို့လိုအပ်တယ်”လို့  ပြောပါတယ်။ စည်ပင်သာယာရေးကော်မတီတွေနဲ့ စည်ပင်သာယာရေးအဖွဲ့တွေရဲ့ ပုံရိပ်ဟာ တိုင်းအစိုးရ အဖွဲ့ရဲ့ ပုံရိပ်ဖြစ်တာကြောင့် စည်ပင်သာယာရေးလုပ်ငန်းတွေ ပိုမိုအရှိန်မြှင့်ဆောင်ရွက်နိုင်မှသာ လုပ်ငန်းစွမ်းဆောင်နိုင်ရည်ပုံရိပ်တွေ ထင်ရှားပေါ်လွင်လာမှာဖြစ်တဲ့အတွက် တိုင်းအစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေဖြည့်တင်းပြီး ဝယ်ယူပေးရတာလို့ အစိုးရအဖွဲ့ရုံးက သိရပါတယ်။ တိုင်းစည်ပင်သာယာရေးအဖွဲ့က ဒုတိယအင်ဂျင်နီယာမှူး ဦးနိုင်လင်းမောင်က “အခုဆိုရင် ဧရာဝတီတိုင်းမှာရှိတဲ့ မြို့ ၃၃ မြို့လုံးကို အမှိုက်သိမ်းယာဉ်တွေ ပေးအပ်နိုင်ခဲ့ပါပြီ၊ ဘက်ဟိုးအသေးစားတွေကတော့ ရေမြောင်းတွေ ရေစီးရေလာ ကောင်းအောင် တူးဖော်နိုင်ဖို့ ပေးအပ်တာဖြစ်ပါတယ်၊ ဒါပြင် ကားဝင်လို့မရတဲ့ လမ်းကြားတွေကို အမှိုက်သိမ်းနိုင်ဖို့အတွက် သုံးဘီးဆိုင်ကယ် အမှိုက်သိမ်းယာဉ်တွေကို ဆက်လက်ထောက်ပံ့ပေးသွားဖို့ရှိပါတယ်”လို့ ပြောပါတယ်။ အခုလက်ရှိအစိုးရလက်ထက်မှာ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေကို ယာဉ်အစီးရေ ၆၃ စီး၊ စက်ယန္တရား ၂၅ စီး၊ သုံးဘီးဆိုင်ကယ် ၅၆ စီး၊ စုစုပေါင်း ၁၄၄ စီးကို ထောက်ပံ့နိုင်ခဲ့တယ်လို့ တိုင်းအစိုးရရုံး စားရင်းတွေအရ သိရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024