DVB Logo
Home
မြန်မာသတင်း
မန္တ​လေး​ ​အောင်​မြေသာဇံမြို့​တွင် စက်သုံး​ဆီဆိုင်​ရောင်း​ချ​နေမှုကို ကန့်​ကွက်
DVB
·
February 25, 2013
မန္တ​လေး​ ​အောင်​မြေသာဇံမြို့​တွင် စက်သုံး​ဆီဆိုင်​ရောင်း​ချ​နေမှုကို ကန့်​ကွက်
Donate to DVB

မန္တ​လေး​မြို့​ ​အောင်​မြေသာဇံမြို့​နယ် သီရိမာလာ အ​ရှေ့​ရပ်ကွက် ၂၅ လမ်း​၊​ ၈၆ နဲ့​ ၈၇ လမ်း​ကြား​မှာ စက်သုံး​ဆီပန့်​ဆိုင် ဖွင့်​လှစ်​ရောင်း​ချဖို့​ စီစဉ်ထား​မှု​တွေကို ရပ်ကွက်​နေ ပြည်သူ​တွေက ​ဖေ​ဖော်ဝါရီ ၂၄ ရက်​နေ့​က ဆိုင်း​ဘုတ်​တွေ ​ထောင်ပြီး​ ကန့်​ကွက်ခဲ့​ကြပါတယ်။

သီရိမာလာ အ​ရှေ့​ရပ်ကွက်မှာ မီး​ဘေး​အန္တရာယ် ၃ ကြိမ်တိုင် ရင်ဆိုင်ကြုံ​တွေ့​ခဲ့​တဲ့​အတွက် အခုလို ကန့်​ကွက်ခဲ့​ကြတာလို့​ ​ပြောပြပါတယ်။

အခုလက်ရှိ အဲဒီဆိုင်မှာ စက်သုံး​ဆီ လက်လီ​ရောင်း​ချ​နေပြီး​ ပန့်​ဆိုင် ဖွင့်​လှစ်​ရောင်း​ချဖို့​ကိုလည်း​ ရပ်ကွက်​နေပြည်သူ​တွေကို အသိ​ပေး​အ​ကြောင်း​ကြား​တာ မရှိဘူး​လို့​ ဆန္ဒပြသူ တဦး​က ​ပြောပါတယ်။

“ရပ်ကွက်ကို ဘာမှ အ​ကြောင်း​မကြား​ဘူး​၊​ အ​ဆောက်အဦ ​ဆောက်​နေတာလည်း​ အ​ကြောင်း​မကြား​ဘူး​။ ​လောင်စာ​လှောင်ကန်ကြီး​တွေ လုပ်တဲ့​နေရာမှာလည်း​ ညဘက်​တွေမှာ လုပ်တယ်။ အဲဒါကို ဘယ်သူမှ မသိ​အောင် မိုး​ကာ ကာထား​ပါတယ်။ ညဘက် ၉ နာရီ၊​ ၁၀ နာရီ​လောက်မှ လုပ်တယ်။”

လူ​နေစိပ်​သော ရပ်ကွက်ဖြစ်ခြင်း​၊​ မန်း​သီရိ​ဈေး​၊​ ​ဈေး​ချို​တော်၊​ အ.မ.က ​ကျောင်း​၊​ အ.ထ.က ​ကျောင်း​တွေနဲ့​ ယာဉ်သွား​လာပိတ်ဆို့​မှု အများ​ဆုံး​နေရာ ဖြစ်တာ​ကြောင့်​ ရပ်ကွက်​နေပြည်သူ​တွေက စိုး​ရိမ်​နေကြပါတယ်။

စက်သုံး​ဆီ ပန့်​ဆိုင် ဖွင့်​လှစ်ဖို့​ လုပ်​နေတာနဲ့​ ပတ်သက်ပြီး​ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူ​တွေကိုလည်း​ စာပို့​ တိုင်ကြား​ထား​တယ်လို့​ ​ပြောပါတယ်။

ဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦး​ဝဏ္ဏကို ​မေး​မြန်း​ရာမှာ ဒီဆိုင်ကို ဌာနဆိုင်ရာရဲ့​ ခွင့်​ပြုချက်ယူပြီး​မှ ဖွင့်​လှစ်တာလို့​ ​ပြောပါတယ်။

ရပ်ကွက်​နေပြည်သူ​တွေက ကန့်​ကွက်​နေတဲ့​အတွက် ပန့်​ဆိုင်ဖွင့်​လှစ်ဖို့​ ပြင်ဆင်​နေမှုကို ရပ်ဆိုင်း​လိုက်ပြီ ဖြစ်​ကြောင်း​နဲ့​ လက်လီ​ရောင်း​တာက နှစ်​ပေါင်း​ ၂၀ ကြာခဲ့​ပြီဖြစ်တဲ့​အတွက် ဆက်လက် ​ရောင်း​ချသွား​မယ်လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013