DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ စည်းဝေး
DVB
·
February 25, 2013
Donate to DVB

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းခေါင်းဆောင်တဲ့ လက်ကျန် နိုင်ငံရေးအကျဉ်းသားစိစစ်ရေး ကော်မတီဟာ ပထမဦးဆုံးအနေနဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ တွေ့ဆုံခဲ့ကြပြီး အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကနေ့ အစည်းအဝေးကို ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)၊ ရန်ကုန်အခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့တွေ၊ လူအခွင့်အရေးကော်မရှင်၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ အစိုးရဌာနဆိုင်ရာက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

“အထူးသဖြင့် ၀န်ကြီးကတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ကျန်တဲ့သူတွေရှိနေရင် ကျနော်တို့ အဖွဲ့ ၄ ဖွဲ့က ပိုသိတယ်။ ဒါကြောင့် ကော်မတီကနေ ၀ိုင်းဝန်းစိစစ်ပြီး သမ္မတဆီ တင်ပြပေးမယ်။ လွှတ်မိန့်တော့ သူ့မှာမရှိဘူး။ သူက စိစစ်တဲ့လုပ်ပိုင်ခွင့်ပဲရှိတယ်။ လွှတ်တာကတော့ အာဏာပိုင်အဖွဲ့အစည်းနဲ့ပဲ ဆိုင်တယ်။ သူနဲ့မဆိုင်ဘူးပေါ့။ ဒီကော်မတီဖွဲ့ပြီးတော့ လက်ကျန်နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကျဉ်းသားတွေကို လွှတ်ပေးချင်တယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာလည်း ထောင်ထဲမှာမရှိစေချင်ဘူးပေါ့။ အမျိုးသားပြန်လည်တည်ဆောက်ရေးလုပ်နေတဲ့ကာလမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိစေချင်ဘူးပေါ့။ အဲရည်ရွယ်ချက်နဲ့ ဒီကော်မတီကိုဖွဲ့တယ်တဲ့။”

နိုင်ငံရေးနှင့်ဆက်စပ်ပြီး ပြစ်ဒဏ်ကျခံနေရသူများအားလုံးကို နိုင်ငံရေးအကျဉ်းသားလို့ အကြမ်းအားဖြင့် သတ်မှတ်ခဲ့ပြီး တိကျတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်မျိုး မသတ်မှတ်နိုင်သေးဘူးလို့ ဦးညိုထွန်းက ပြောပါတယ်။

လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကနေ လုပ်ဆောင်သွားဖို့ကို ဦးညိုထွန်းက ဆက်ပြောပါတယ်။

“နောက်ထပ် ၁ လနေရင် အစည်းအဝေးထပ်ခေါ်မယ်။ ခေါ်ရာမှာ အကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ နောက် ကျနော်တို့ဆီမှာရှိတဲ့ စာရင်းတွေ၊ အန်အယ်လ်ဒီကဆိုလည်း ဦးဥာဏ်ဝင်းတက်တယ်။ အန်အယ်လ်ဒီမှာရှိတဲ့ စာရင်း၊ အေအေပီပီမှာရှိတဲ့ စာရင်း၊ ၈၈မျိုးဆက်ကျောင်းသားများမှာရှိတဲ့ စာရင်းတွေ ဒါတွေအကုန်လုံးကို နောက်အစည်းအဝေးမတိုင်ခင်မှာ အကုန်တိုက်ထားပြီး နောက်အစည်းအဝေးမှာ တင်ပြရမှာ။”
အေအေပီပီ၊ နိုင်/ကျဉ်းနဲ့ အန်အယ်လ်ဒီတို့မှ ပြုစုပြီးဖြစ်တဲ့ အကျဉ်းသားအရေအတွက်ကို သမ္မတထံ တင်ပြပြီး သက်ဆိုင်ရာက စစ်ဆေးပြီးနောက် ပထမ သဘောတူတဲ့အရေအတွက်ကို လွှတ်ပေးဖို့ စီစဉ်သွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013