Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဗန်းမောက်မြို့ ဇလုံတောင်တော်သို့ သွားရောက်ဖူးမြော်
DVB
·
January 22, 2020
83148806_2496572437225472_3906356825401851904_o
83170278_2496571597225556_5604676255329812480_o
99
88
77
66
55
44
33
22
11
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့ ဇလုံတောင်တော်ကို ဇန်နဝါရီ ၂၂ ရက် မွန်းတည့် ၁၂ နာရီအချိန်က သွားရောက် ဖူးမြော်ခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ ရဟတ်ယာဉ်နဲ့ ဇလုံတောင်တော်ကို ဇန်နဝါရီ ၂၂ ရက် မွန်းတည့် ၁၂ နာရီအချိန်က လာရောက်ဖူးမြော်ခဲ့ပါတယ်။ ဇလုံတောင် သာသနာပြုဆရာတော်အား လှူဖွယ်ဝထ္ထုတွေ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ဇလုံတောင်တော်အား ပန်း ဆီးမီး ရေချမ်းတွေနဲ့ ကပ်လှူပူဇော်ခဲ့ပါတယ်။ ဒီနောက် မွန်လွဲ ၁ နာရီ ၁၀ မိနစ်မှာ ရဟတ်ယာဉ်နဲ့ ဗန်းမောက်မြို့ ကို ဆက်လက် ထွက်ခွာခဲ့ပြီး ဗန်းမောက်မြို့ မြို့တော်ခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပါတယ်။ ကိုကိုလင်း (အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024