နေပြည်တော်တွင် ထားရှိမည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တု ရောက်ရှိ
အောင်ကိုကိုလတ် (နေပြည်တော်)
·
January 22, 2020
နေပြည်တော်၊ သပြေကုန်းအဝိုင်းမှာ ထားရှိမယ့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ထုရဲ့ အစိတ်အပိုင်းတွေဟာ ဇန်နဝါရီ ၂၁ ရက်နေ့ ည ၉ နာရီအချိန်လောက်က ရောက်ရှိလာပါတယ်။
ကြေးရုပ်တုကိုတော့ ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ ၁၃ နေ့အမီ တည်ဆောက်ဖွင့်လှစ်မှာ ဖြစ်ပြီး ရုပ်တုရဲ့ အမြင့်ဟာ ၁၈ ပေရှိပြီး ကြေးပိဿာချိန် ၇ တန်ရှိတယ်လို့ သိရပါတယ်။
ကုန်ကျမှုတန်ဖိုးအနေနဲ့ ကျပ်သိန်း ၂၅၀၀ ဝန်းကျင်လောက်ရှိပြီးတော့ ရန်ကုန်ယဉ်ကျေးမှု တက္ကသိုလ်က အငြိမ်းစားပါမောက္ခ (ပန်းပု) ဒေါက်တာဦးမြင့်စံက ထုလုပ်တာဖြစ်ပါတယ်။