Home
မြန်မာသတင်း
လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးငယ် နှစ်ဦးကို မိဘထံ လွှဲပြောင်းပေးအပ်
Aung Aung Naing
·
January 21, 2020
82502260_978795762476431_2277027334890455040_n
တရုတ်နိုင်ငံကို လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီး နှစ်ဦးကို ဇန်နဝါရီ ၂၁ ရက်နေ့က အုပ်ထိန်းသူမိဘတွေထံ လူဝန်ထမ်းဦးစီးဌာနက ပြန်လည်အပ်နှံခဲ့ပါတယ်။ အထက်မြန်မာပြည်နေရာ ဒေသအသီးသီးကနေ တရုတ်နိုင်ငံကို လူကုန်ကူးခံရပြီး ပြန်လည် ကယ်တင်နိုင်ခဲ့တဲ့ အမျိုးသမီးငယ်တွေကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းမှာ စောင့်ရှောက်ထားတာပါ။ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးသက်မွေးအတတ်သင်ပညာ ကျောင်းတာဝန်ခံ ဒေါ်ခင်နွယ်နွယ်ဦး က “တကယ်ပုံမှန်အရဆိုပါက အမှုရင်ဆိုင်နေစဉ်ကာလတွေမှာ လူကုန်ကူးခံရခဲ့ ကြရတဲ့ အမျိုးသမီးငယ်လေးတွေရဲ့ လုံခြုံရေးကို တာဝန်ယူရပါတယ်။ အခု အမျိုးသမီးငယ် နှစ်ဦးကို အုပ်ထိန်းမိဘများက ပြန်ခေါ်ချင်တယ်ဆိုတာကြောင့် ကလေးမလေးတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး မိဘများကသာ တာဝန်ရှိတာဖြစ်သလို တာဝန်လည်းယူရမှာဖြစ်တယ်” လို့ ပြောပါတယ်။ တရုတ်နိုင်ငံထဲ လူကုန်ကူးခံခဲ့ရတဲ့ မဝင်းမြတ်သူရဲ့မိခင် ဒေါ်ချိုက “ကျမရဲ့သမီး ပြန်ရောက်ရှိလာတဲ့အတွက် ဝမ်းသာပါတယ်။ တရုတ်ပြည်ဘက်မှာ ဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့သမီးအတွက် ဝမ်းလည်းဝမ်းနည်းမိပါတယ်။ မိန်းကလေးငယ်တွေအနေနဲ့ ဘယ်သူကိုမှ ယုံကြည်စိတ်မချကြဖို့ ပြောချင်ပါတယ်။ မိဘတွေကလည်း သားသမီးတွေကို ကိုယ့်ဆွေမျိုးသားရင်း တွေပဲဆိုပြီး စိတ်ချယုံကြည်ပြီး မထည့်မိကြဖို့ လိုပါတယ်။” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က လူမှုကွန်ရက်မှာ ဗွီဒီယိုဖိုင်ပျံ့နှံ့လာခဲ့တဲ့အတွက် အမှတ် ၁၁ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို မိခင်ကဖြစ်သူ ခေါ်ချိုက တိုင်တန်းခဲ့ပါတယ်။ အမျိုးသမီးသက်မွေးအတတ်သင်ကျောင်း (မန္တလေး) ရုံးမှာ ဇန်နဝါရီလ ၂၀ ရက်နေ့က အုပ်ထိန်းသူမိဘတွေထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တဲ့ လူကုန်ကူးခံရသူ အမျိုးသမီးငယ် ၂ ဦးကတော့ စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာက တဦးနဲ့ မုံရွာမြို့နေထိုင်သူ တဦးတို့ ဖြစ်ပါတယ်။ ၂၀၁၇- ၂၀၁၈ ခုနှစ် မှာ လူကုန်ကူးခံရသူ ၁၀၀ ကျော်ကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး လက်ရှိ ၂၀၁၈- ၂၀၁၉ ခုနှစ်မှာ ၈၀ နီးပါးကို ကယ်တယ်နိုင်ခဲ့ပြီး မိဘထံပြန်လည်အပ်သူအမျိုးသမီးငယ်များ အပါအဝင် လက်ရှိ အမျိုးသမီးငယ် ၁၆ ဦးကို စောင့်ရှောက်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024