အစိုး​ရက နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပြီး​ တပ်မ​တော်က တိုက်​နေတယ် – ဗိုလ်မှူး​စိုင်း​လ

ဗိုလ်မှူးစိုင်းလ
အစိုး​ရငြိမ်း​ချမ်း​ရေး​အဖွဲ့​နဲ့​တိုင်း​ရင်း​သား​တပ်​ပေါင်း​စု (ယူအန်အက်ဖ်စီ) တို့​ အကြို နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ​တွေ ပြန်လည်စ​နေ​ပေမယ့်​ အစိုး​ရစစ်တပ်နဲ့​ကာလုံ ​ခေါ် ကာကွယ်​ရေး​နဲ့​ လုံခြုံ​ရေး​ကောင်စီတို့​က​တော့​ ရှမ်း​ပြည်နယ်အတွင်း​ ထိုး​စစ်ဆင်​နေတဲ့​အ​ကြောင်း​ ရှမ်း​ပြည် တပ်မ​တော် (​မြောက်ပိုင်း​) ​ပြောခွင့်​ရ ဗိုလ်မှူး​ကြီး​စိုင်း​လက ​ပြောပါတယ်။ ဒီအ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​ ဗိုလ်မှူး​ကြီး​စိုင်း​လကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။ ဗိုလ်မှူး​စိုင်း​လတို့​ ရှမ်း​ပြည်တပ်မ​တော်(​မြောက်ပိုင်း​)အပါအဝင် ယူအန်အက်ဖ်စီတို့​ ချင်း​မိုင်က ​ဟောလီး​ဒေး​အင်း​မှာ အစိုး​ရဘက်က ပြည်​ထောင်စုဝန်ကြီး​ ဦး​အောင်မင်း​တို့​လာပြီး​ အကြို ​ဆွေး​နွေး​ပွဲ​တွေ လာလုပ်တယ်​လေ။ ယူအန်အက်ဖ်စီနဲ့​ အစိုး​ရကြား​မှာ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ဆိုပြီး​ နှစ်​ပေါင်း​များ​စွာ ​တောင်း​ဆိုတဲ့​ပွဲမှာ ယူအန်အက်ဖ်စီ အဖွဲ့​ဝင်ဖြစ်တဲ့​ ရှမ်း​မြောက်နဲ့​ တိုက်ပွဲ​တွေ ၂ ရက်ဆက်ဖြစ်တယ်။ အဲ​တော့​ တိုက်ပွဲ​တွေဖြစ်တာနဲ့​ ပတ်သက်လို့​ ဒီအ​ခြေအ​နေနဲ့​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲက ဒီအတိုင်း​ဆို ​အောင်မြင်ပါ့​မလား​။ [caption id="attachment_36770" align="alignright" width="300" caption="ဗိုလ်မှူးစိုင်းလ"][/caption] "​ဆွေး​နွေး​ခဲ့​တာလည်း​ များ​ပြီ​လေ။ ​ဆွေး​နွေး​တဲ့​အဖွဲ့​နဲ့​ ​ဆွေး​နွေး​တာက တမျိုး​။ လုံခြုံ​ရေး​ကောင်စီ တပ်မ​တော်က လုပ်​နေတာက တမျိုး​ပေါ့​။ " လုံခြုံ​ရေး​ကောင်စီဆိုတာ ကာလုံကို ​ပြောတာ​ပေါ့​။ ဒါဆိုရင် တပ်မ​တော်နဲ့​ကာလုံက လုပ်​နေတာကတပိုင်း​ ဒီလို ရည်ညွှန်း​တာပါလား​။ "ဟုတ်တယ်။ အစိုး​ရကလုပ်​နေတာတမျိုး​။ တပ်မ​တော်က လုပ်​နေတာက တမျိုး​လေ။ ဥပမာ ကျ​နော်တို့​ တနိုင်ငံလုံး​ အပစ်အခတ်ရပ်စဲပြီး​ ထာဝရငြိမ်း​ချမ်း​ရေး​ကို ချီတက်ဖို့​ ​ဆွေး​နွေး​မယ်​လေ။ ဒါက အစိုး​ရပိုင်း​ပေါ့​။ တကယ်ကျ​တော့​ ဒီလိုမဖြစ်လာဘဲ တိုက်ပွဲ​တွေပဲ ဆက်ဖြစ်​နေတယ်​လေ။" ချင်း​မိုင်မှာ နှစ်ဖက်​ခေါင်း​ဆောင်​တွေ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ဆိုတာက​ရော။ ဗိုလ်မှူး​စိုင်း​လတို့​ အခု ဘယ်လို သုံး​သပ်လဲ။ "​ကောင်း​ကျိုး​က​တော့​ ကျ​နော်တို့​ဖြစ်ချင်တဲ့​ နိုင်ငံ​ရေး​ကိစ္စ​တွေကို ယူအန်အက်ဖ်စီက တင်ပြမှာပဲ​လေ။ ဒီလိုတင်ပြ​တော့​ သူတို့​လက်ခံလည်း​ ​ကောင်း​ကျိုး​သက်​ရောက်တာ​ပေါ့​။ လက်ခံရုံနဲ့​ တပ်ကလုပ်ရပ်​တွေကလည်း​ ကျ​နော်တို့​ သ​ဘောတူညီချက်ရထား​တဲ့​အတိုင်း​ မ​ဆောင်ရွက်ရင်​တော့​အ​ခြေအ​နေက တိုး​တက်မှုရှိမှာမဟုတ်ဘူး​။" ​ဆွေး​နွေး​နေချိန်မှာ တိုက်ပွဲဖြစ်တာက အက်စ်အက်စ်​အေ​မြောက်ပိုင်း​က​နေ အစိုး​ရ နယ်​မြေကို ​ကျော်လို့​လား​။ အစိုး​ရတပ်က အက်စ်အက်စ်​အေ သတ်မှတ်ခွင်ကို ​ကျော်လို့​လား​။ "၂၀၁၂ ဇန်နဝါရီ ၂၈ ရက် အပစ်အခတ်ရပ် သ​ဘောတူညီချက်ထဲမှာ ကျ​နော်တို့​တပ် ​ရောက်ရှိ​နေတဲ့​နေရာမှာ ယာယီဖြန့်​ခွဲ​နေထိုင်ဖို့​ သ​ဘောတူညီထား​တယ်။ ဒါ​ကြောင့်​ ​ရောက်ရှိတဲ့​နေရာမှာ ​နေ​နေတာပဲ။ အခုဖြစ်တဲ့​နေရာလည်း​ ကျ​နော်တို့​နေရာပဲ။ ကချင်နဲ့​ ပြင်း​ပြင်း​ထန်ထန်ဖြစ်​နေတုန်း​က သူတို့​မ​ပြောဘူး​လေ။ အခု ကချင်ဘက်ရပ်ပြီး​ ကျ​နော်တို့​ဘက်လှည့်​ပြီး​ ခင်ဗျား​တို့​ ဒီ​နေရာမ​နေရဘူး​၊​ ဆုတ်​ပေး​ပါဆိုပြီး​ အ​ပြောမျိုး​နဲ့​ လာတိုက်တာ​လေ။ ကျ​နော်တို့​က သူတို့​ကို ဝင်တိုက်တာမဟုတ်ဘူး​။" ဘယ်မြို့​နယ်ထဲမှာလဲ ခင်ဗျ။ "တိုက်ပွဲဖြစ်တဲ့​နေရာက တန့်​ယန်း​မြို့​နယ် လွိုင်လန်း​တောင်​ပေါ့​။ မိုင်း​ကောင်အ​ရှေ့​ဘက်ခြမ်း​နဲ့​ ၆ မိုင်၊​ ၇ မိုင်​လောက်မှာ။"

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up