Home
မြန်မာသတင်း
မကွေးတွင် ရာသီဥတုဖောက်ပြန်လာမှုကြောင့် အာလူးထက် ကြက်သွန်စိုက်ပျိုးသူပိုများ
DVB
·
January 21, 2020
83119927_2671707336448881_1351937971137282048_o
83115381_2671708123115469_2986671273536389120_o
82509559_2671707246448890_6027621845543419904_o
82481828_2671708069782141_6420359139762896896_o
83285819_767549270396085_7415576862669144064_o
ရာသီဥတုဖောက်ပြန်မှုနဲ့ စျေးကွက်အလားအလာကြောင့် မကွေးမြို့နယ် ယင်းချောင်းတလျောက်ကျေးရွာတွေက တောင်သူတွေဟာ အာလူးထက် ကြက်သွန်စိုက်ပျိုးမှု ပို များလာတယ်လို့ သိရပါတယ်။ အာလူးက ကြက်သွန်လောက်ရာသီဥတုဒဏ်ကို မခံနိုင်တာရယ်၊ ကုန်ကျစာရိတ်မြင့်မားတာ တွေကြောင့် စိုက်ပျိုးသူနည်းလာတယ်လို့လည်း သိရပါတယ်၊ ကြက်သွန်နဲ့အာလူးကို ဒီဇင်ဘာလထဲမှာ စိုက်ပျိုးကြပြီး မတ်လထဲမှာရောင်းချမှုတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။ ရာသီဥတုကိုကြောက်လို့ ဒီနှစ်မှာကြက်သွန်ပဲအစိုက်များပြီး လက်ရှိရာသီဥတုအခြေနေနဲ့ဆို အဆင်ပြေတယ်လို့ ကြက်သွန်၊ အာလူးစိုက်ပျိုးသူ ဒေါ်ကြင်စိန်က ပြောပါတယ်။ “အာလူးကိုဝယ်စိုက်ရတာ တစ်ပိသာကျပ် ၁၂၀၀ စျေးပေါ့၊ ပေါ်ချိန်မှာ တစ်ပိသာကို ကျပ် ၈၀၀ လောက်ဘဲရတယ်၊ ကျပ် ၁၀၀၀ ကနေ ကျပ် ၁၅၀၀ လောက်ရောင်းရရင် မဆိုးပါဘူး။ ဒါကြောင့် အာလူးစိုက်သူတွေ နည်းလာတယ်။” အခုနှစ်စိုက်ပျိုးရာသီမှာ အာလူးနဲ့ကြက်သွန်မျိုးစျေးတွေ မြင့်တက်သလိုချောင်းနဲ့ သောင်ပြင်ပြုပြင်စာရိတ်တွေ ​အကုန်အကျများတဲ့အတွက် စိုက်ပျိုးမှုနည်းလာတယ်လို့ သိရပါတယ်။  တနှစ်ထက်တနှစ် ရာသီဥတုဖောက်ပြန်လာမှုတွေကြောင့် စိုက်ပျိုးရေးလုပ်ကိုင်သူတွေအနေနဲ့ အခက်အခဲတွေကြုံတွေ့လာရတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။ စိုက်ပျိုးရာသီမှာ ကြက်သွန်နဲ့အာလူးစျေးတွေမြင့်တက်လျက်ရှိပြီး သီးနှံတွေပေါ်ချိန်မှာတော့ စျေးကျဆင်းနေတဲ့အတွက် စိုက်ပျိုးလုပ်ကိုင်သူတွေအနေနဲ့ အဆင်မပြေမှုတွေကြုံတွေ့နေရတယ်လို့ ယင်းဆိပ်ကျေးရွာနေ ကိုမျိုးဝင်းက ဆိုပါတယ်။ ကြက်သွန်နဲ့အာလူးပေါ်ချိန်မှာ ကြက်သွန်တစ်ပိသာကို ၇၀၀ ကျပ်ဝန်းကျင်နဲ့ အာလူးတစ်ပိသာ ကျပ်တစ်ထောင်ကျော်ရောင်းချရရင် စိုက်ပျိုးသူတွေအတွက်အဆင်​ပြေတယ်လို့ စိုက်ပျိုးသူတွေက ပြောပါတယ်၊ မကွေးမြို့နယ် ယင်းချောင်းတလျှောက်ကျေးရွာ၃၀ကျော်မှာ ကြက်သွန်၊ အာလူး စိုက်ပျိုးခြင်းကို လုပ်ကိုင်ကြတာဖြစ်ပါတယ်။ တင်ရွှေ(မင်းဘူး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024