DVB Logo
Home
မေးမြန်းခန်း
ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှုဥပ​ဒေ ​ဆွေး​နွေး
DVB
·
February 22, 2013
ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှုဥပ​ဒေ ​ဆွေး​နွေး
Donate to DVB

ဂျပန်နိုင်ငံက လာ​ရောက်ရင်း​နှီး​မြှုပ်နှံမယ့်​ ဂျပန်စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေကို မြန်မာနိုင်ငံမှာ ပြုပြင်​ပြောင်း​လဲ​နေတဲ့​ ရင်း​နှီး​မြှုပ်နှံမှုဥပ​ဒေ​တွေနဲ့​ ပတ်သက်ပြီး​ အမျိုး​သား​စီမံကိန်း​နဲ့​ စီးပွား​ရေး​ ဖွံ့​ဖြိုး​တိုး​တက်မှုဝန်ကြီး​ ဦး​ကံ​ဇော်က ​ဖေ​ဖော်ဝါရီ၂၀ ရက်​နေ့​က တိုကျိုမြို့​မှာ ရှင်း​လင်း​ ​ပြောဆိုခဲ့​ပါတယ်။

ဂျပန်ကုန်သည်ကြီး​များ​အသင်း​၊​ တိုကျိုကုန်သည်ကြီး​များ​အသင်း​နဲ့​ဂျက်ထရိုလို့​ ​ခေါ်တဲ့​ ဂျပန် ပြည်ပကုန်သွယ်​ရေး​အဖွဲ့​တို့​က ဦး​ဆောင်ပြုလုပ်ခဲ့​တာပါ။

မြန်မာဝန်ကြီး​က မြန်မာနိုင်ငံမှာ စီး​ပွား​ရေး​တိုး​တက်​ရေး​အတွက် ပူး​ပေါင်း​ရေး​ဆောင်ရွက်ရာမှာ ဘဏ္ဍာ​ရေး​နည်း​ပညာ၊​ လူသား​အရင်း​အမြစ်​တွေ မြင့်​မား​တဲ့​ ဂျပန်နိုင်ငံအ​နေနဲ့​ မြန်မာနိုင်ငံရဲ့​ စီး​ပွား​ရေး​ဇုန် အသစ်​တွေမှာ လာ​ရောက်ရင်း​နှီး​မြှုပ်နှံဖို့​၊​ ရင်း​နှီး​မြှုပ်နှံမှုဥပ​ဒေ​တွေကို ရှင်း​လင်း​တင်ပြဖို့​ ဖိတ်​ခေါ်တာလို့​ ဂျပန်သတင်း​တွေမှာ ​ဖော်ပြထား​ပါတယ်။

မြန်မာဝန်ကြီး​ ဦး​ကံ​ဇော်၊​ ဂျပန်နိုင်ငံ စက်မှုနဲ့​ ကုန်သွယ်​ရေး​အသင်း​ဥက္ကဋ္ဌ တာဒါရှိ အိုကာမူရာနဲ့​ မဟာမဲ​ခေါင်​ဒေသခွဲ စီး​ပွား​ရေး​လေ့​လာမှုဘုတ်အဖွဲ့​ဥက္ကဋ္ဌ မစ္စတာ ကိုဟီဝါတာနာ ​ဘေတို့​ဟာ တိုကျိုမှာ ​တွေ့​ဆုံပြီး​ နိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှုဥပ​ဒေအ​ပေါ် အမြင်ချင်း​ ဖလှယ်ကြပါတယ်။

ဒါ့​အပြင် မြန်မာနိုင်ငံက စီး​ပွား​ရေး​အ​ခြေအ​နေ​တွေနဲ့​ အထူး​စီး​ပွား​ရေး​ဇုန်နဲ့​ ပတ်သက်ပြီး​ ​ဆွေး​နွေး​ကြတယ်လို့​ ဂျပန်နိုင်ငံ စက်မှုနဲ့​ ကုန်သွယ်​ရေး​အသင်း​က သတင်း​ ထုတ်ပြန်ပါတယ်။
၂၀၁၂ ခု နိုဝင်ဘာလမှာ ပထမအကြိမ်ပြုလုပ်ခဲ့​ပြီး​ အခုအကြိမ်က ဒုတိယအကြိမ်​မြောက် ဖြစ်ပြီး​ ဂျပန်စီး​ပွား​ရေး​လုပ်ငန်ရှင် ၂၀၀ နီး​ပါး​တက်​ရောက်ခဲ့​ကြပါတယ်။

ဂျပန်နိုင်ငံက ပြည်ပကုန်သွယ်​ရေး​အဖွဲ့​ (Japan External Trade Organization) ရဲ့​ အကြီး​တန်း​သု​တေသနမှူး​ မစ္စတာ ခုဒိုစံက မြန်မာပြည်မှာ ဂျပန်ကုမ္ပဏီ​တွေ ရင်း​နှီး​မြှုပ်နှံမှု အလုံး​အရင်း​နဲ့​ ဝင်​ရောက်တာထက်စာရင် ​လေ့​လာ​နေကြရတဲ့​အဆင့်​သာ ရှိ​သေး​တယ်လို့​ ​ပြောပါတယ်။

မြန်မာစကား​တတ်ကျွမ်း​တဲ့​ ဂျပန်လူမျိုး​ မစ္စတာခုဒိုစံ (ခ) ကိုကို​အေး​နိုင်ကို ​မေး​မြန်း​ထား​ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါပြီ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013