ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်၊ နေအိမ် ၂ လုံး ဆုံးရှုံး
DVB
·
January 20, 2020
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ၅၅ လမ်း ၅၆ လမ်း မနော်ရီလမ်းတောင်ဘက် ထွန်တုန်းရပ်ကွက် (ဖ) ၄ မှာ ဒီနေ့ညနေ ၄ နာရီကျော်က မီးလောင်ခဲ့လို့ နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
အိမ်အမှတ် ၉၃ (ခ) ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောက်မှုဖြစ်ပွားခဲ့တာ ကြောင့် ၁၅ ပေ၊ ပေ ၃၀ ထရံကာသွပ်မိုး မြေစိုက် ၂ လုံး မီးလောင်ခဲ့ပြီး သုံးထပ်တိုက်တလုံး မီးဟပ်ခဲ့ပါတယ်။
မီးလောင်ရာနေရာကို တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက လာရောက်စစ်ဆေးခဲ့ ပါတယ်။
မီးလောင်မှုဖြစ်စဉ်ကြောင့် လယ်ဗယ် ၂ သတ်မှတ်ပြီး အရန်အင်အား ၁၀၀ သန္ဓေ ၃၀ နဲ့ အတူ မီးငြိမ်းသတ်ယဉ် အစီး သုံးဆယ်နဲ့ ငြိမ်းသတ်ခဲ့ပါတယ်။ ရပ်ကွက်နေ ပြည်သူတွေအနေနဲ့ မီး မပေါ့ဆကြဖို့၊ ဂရုတစိုက်သုံးစွဲကြဖို့ မန္တလေးတိုင်းခရိုင်မီးသတ်ဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက သတိပေးပြောကြားခဲ့ပါတယ်။
မီးလောင်မှုကြောင့် အိမ်ရှင် ဒေါ်ကောင်းရီကို မီးပေါ့ဆမှုကြောင့် ပုဒ်မ ၂၈၅ နဲ့ အောင်ပင်လယ်ရဲစခန်းက အမှုဖွင့်အရေးအယူထားပါတယ်။