Home
မြန်မာသတင်း
အဂတိလိုက်စားမှုဖြင့် တရားစွဲခံထားရသည့် BPI စက်ရုံမှူးကို ရုံးထုတ်
DVB
·
January 20, 2020
အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားရတဲ့ BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်ကို ဇန်နဝါရီလ ၂၀ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီရုံးချိန်းမှာတော့ တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးမိုးနိုင်ကို ငါးကြိမ်မြောက် စစ်ဆေးတာဖြစ်ပြီး တရားလိုဘက်က ကော်စေ့တွေ၊ သွေးကြောသွင်းဆေးမှာ အသုံးပြုဖို့ စမ်းသပ်ပေးပို့ထားတဲ့ FDA ထုတ်ပြန်ချက်ကို သက်သေခံအဖြစ် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ သက်သေခံအဖြစ်တင်သွင်းခဲ့တဲ့ ထုတ်ပြန်ချက်မှာတော့ ကော်စေ့တွေဟာ လတ်တလောမှာ ဆေးတွေနဲ့ ကျန်းမာရေး အန္တရာယ်မရှိဘူးလို့ ပါရှိတာ မှန်ကန်ကြောင်း တရားခွင်မှာ ထွက်ဆိုခဲ့ ပါတယ်။  ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ FDA ကို သက်သအဖြစ် စစ်ဆေးသွားဖို့ရှိပြီး ထုတ်ပြန်ချက် အသေးစိတ်ကို မသိရှိရသေးပါဘူး။ BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်သည် ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ဖို့အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဝယ်ယူခြင်းမရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြီး နိုင်ငံတော်၏ ငွေကြေးနှင့် ပစ္စည်းကို ထိခိုက်နစ်နာဆုံးရှုံးစေတဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆နဲ့ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးမှာ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ နောက်ထပ်ရုံးချိန်းကိုတော့ ဇန်နဝါရီ ၂၈ ရက်နေ့ ချိန်းဆိုထားပါတယ်။ သတင်း - နူးရာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024