Home
သတင်းဓာတ်ပုံ
မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ် ဖြေရှင်းပေးရန် ကျောင်းသားသမဂ္ဂ ၁၄ ခု ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
January 20, 2020
83903480_2455300164723466_6999933833550233600_n
83458528_2455301891389960_1919403687533346816_n
83092460_2455301988056617_3661028271979495424_n
82997264_2455300081390141_2740405047148937216_n
82765654_2455299934723489_2291623849965387776_n
82543598_2455300254723457_8825493430558785536_n
82427965_2455300044723478_8980476182973644800_n
မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ် ချက်ချင်းဖြေရှင်းပေးဖို့ ရန်ကုန်အခြေစိုက် ကျောင်းသားသမဂ္ဂ ၁၄ ခု ပူးပေါင်းပြီး ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဒီနေ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မန္တလေးတက္ကသိုလ်ကျောင်းဝင်းအတွင်းက စားသောက်ဆိုင်တန်း Food Court တည်ဆောက်တာ တင်ဒါမခေါ်ဘဲ ဆောက်တယ်ဆိုပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာက စတင် ဆန္ဒပြ သပိတ်မှောက်ခဲ့ကြတာပါ။ ဒီနောက် Food Court တည်ဆောက်တဲ့ကိစ္စကို စစ်ဆေးနိုင်ဖို့အတွက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့က ၂၀၁၉ စက်တင်ဘာ ၇ ရက်၊ ၈ ရက်နေ့တွေမှာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်နဲ့အတူ တာဝန်ရှိသူတွေက မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့တို့က တာဝန်ရှိသူကျောင်းသားကျောင်းသူများကို စစ်ဆေးခဲ့ပြီး ၄ လကျော်ကြာတဲ့အထိ အရေးယူအပြစ်ပေးချင်းမရှိတာကြောင့် ကျောင်းသားတွေက ဆက်လက် သပိတ်မှောက်နေကြတာလည်း ဖြစ်ပါတယ်။ Food Courtကို ပြီးခဲ့တဲ့နှစ် သြဂုတ်လပထမပတ်အတွင်းက ဖွင့်လှစ်ဖို့ ရှိခဲ့ပေမယ့် သပိတ်မှောက် ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024