လယ်ဝေးတွင် ရှေးဟောင်းသစ်ထွင်းလှေ ၁ စီး တွေ့ရှိ
DVB
·
January 20, 2020
နေပြည်တော် လယ်ဝေးမြို့နယ်မှာ မနေ့က ရှေးဟောင်းသစ်ထွင်းလှေ ၁ စီး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
လယ်ဝေးမြို့နယ်၊ သဲဖြူကျေးရွာ အနီး ရုံးပင်ချောင်းအတွင်းမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက် ၁၁ နာရီလောက် ရှေးဟောင်းသစ်ထွင်းလှေ ၁ စီး တွေ့ရှိကြောင်း သတင်းအရ လယ်ဝေးမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေဦးစီးတဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
အလျား ၆၂ ပေ၊ လုံးပတ် ၉ ပေ ၄ လက်မခန့်ရှိ ရှေးဟောင်းသစ်ထွင်းလှေ ၁ စီးအား တွေ့ရှိခဲ့ပြီး အဆိုပါလှေအား သစ်တောဌာနက ထိန်းသိမ်းမယ့်နေရာ ရွှေ့ပြောင်းသယ်ဆောင်နိုင်ရေး ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။