A d v e r t i s e m e n t With Us

နိုင်ငံခြားသားများထံမှ လုယက်သူများကို ဖမ်းဆီးရမိ (ဓာတ်ပုံ)

ပုဂံ-​ညောင်ဦး​မှာ ၁၆ ရက်အတွင်း​ နိုင်ငံခြား​သား​တွေဆီက​နေ လုယက်မှု ၃ မှုဖြစ်ပွား​ခဲ့​ရာ ၁ မှု ကို ၂ ရက်အတွင်း​ ​ဖော်ထုတ်နိုင်ခဲ့​ပြီး​ ကျန် ၂ မှုကို စုံစမ်း​စစ်​ဆေး​မှု​တွေ ဆက်လက်ပြုလုပ်​နေတယ်လို့​ ​ညောင်ဦး​ ရဲစခန်း​မှူး​က ​ပြောပါတယ်။ ​ဖေ​ဖော်ဝါရီ ၆ ရက်၊​ ၁၄ ရက် နဲ့​ ၁၆ ရက်​နေ့​တွေမှာ လုယက်ခံခဲ့​ကြရတာဖြစ်ပြီး​ ၁၆ ရက်​နေ့​ ​နေ့​လယ်ပိုင်း​ ဖြစ်ပွား​ခဲ့​တဲ့​ အင်္ဂလန် နိုင်ငံသူ ၂ ဦး​ရဲ့​ စက်ဘီး​ခြင်း​ထဲက အိတ်လုယက်သူ​တွေကို ၂ ရက်အတွင်း​ ​ဖော်ထုတ်ဖမ်း​ဆီး​နိုင်ခဲ့​တယ်လို့​ ဆိုပါတယ်။ (ဓာတ်ပုံ - ​အောင်စိုး​ထိုက်) Read more

A d v e r t i s e m e n t With Us

More News
Up