ဂျပန်-မြန်မာ ပညာ​ရေး​ဆိုင်ရာ ပူး​ပေါင်း​ဆောင်ရွက်​ရေး​ ​ဆွေး​နွေး

ဂျပန်နိုင်ငံ တိုကျိုကို ​ရောက်​နေတဲ့​ အမျိုး​သား​စီမံကိန်း​နဲ့​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ဝန်ကြီး​ ​ဒေါက်တာကံ​ဇော်ဟာ ဂျပန် နိုင်ငံတကာတက္ကသိုလ် ဥက္ကဋ္ဌ ရှင်နီချီ ကီတာအိုကာ (Shinichi Kitaoka) နဲ့​ ပညာ​ရေး​ဆိုင်ရာ ပူး​ပေါင်း​ဆောင်ရွက်မှု​တွေကို ​ဖေ​ဖော်ဝါရီ ၁၈ ရက်​နေ့​က ​ဆွေး​နွေး​ခဲ့​တယ်လို့​ ဂျပန် နိုင်ငံတကာတက္ကသိုလ် အင်တာနက်စာမျက်နှာမှာ ​ဖော်ပြပါတယ်။ အရည်အ​သွေး​မီ ပညာ​ရေး​အတွက် ဂျပန် နိုင်ငံတကာတက္ကသိုလ်ရဲ့​ ခံယူချက်ကိုလည်း​ ရှင်း​ပြခဲ့​ပြီး​ ​ဆွေး​နွေး​မှုက ၄၅ မိနစ်​လောက်ကြာတယ်လို့​ ဂျပန်သတင်း​တွေမှာ ​ရေး​သား​ပါတယ်။ အမျိုး​သား​စီမံကိန်း​နဲ့​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဝန်ကြီး​ကလည်း​ ဂျပန်က ပညာ​ရေး​အဖွဲ့​တွေနဲ့​ ပိုမိုပူး​ပေါင်း​ဆောင်ရွက်ဖို့​ စိတ်ဝင်စား​တယ်လို့​ ​ပြောပါတယ်။ ဒီ​ဆွေး​နွေး​ပွဲမှာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး​ ဦီး​ခင်​မောင်တင်နဲ့​ နိုင်ငံခြား​စီး​ပွား​ရေး​ ဆက်ဆံ​ရေး​ဌာန အ​ထွေ​ထွေ ညွှန်ကြား​ရေး​မှူး​ချုပ် ​ဒေါ်သန်း​သန်း​လင်း​ တို့​လည်း​ တက်​ရောက်ခဲ့​တယ်လို့​ ဆိုပါတယ်။

//
More News
Up