တရား​ရုံး​များ​တွင် ဒီအန်​အေ စစ်​ဆေး​ချက်ကို သက်​သေခံအဖြစ် သုံး​ရန် ​ဆောင်ရွက်မည်

မကြာမီကာလအတွင်း​ တရား​ရုံး​တွေမှာ ဒီအန်​အေ စစ်​ဆေး​ချက်​တွေကို သက်​သေခံချက် အဖြစ် အသုံး​ပြုနိုင်ဖို့​ စီစဉ်​ဆောင်ရွက်သွား​မှာဖြစ်​ကြောင်း​ တရား​လွှတ်​တော်ချုပ်၊​ ကျန်း​မာ​ရေး​ဝန်ကြီး​ဌာနနဲ့​ ပြည်ထဲ​ရေး​ဝန်ကြီး​ဌာန တာဝန်ရှိသူ​တွေက ​ပြောပါတယ်။ ဒီ​နေ့​ ကျင်း​ပတဲ့​ ပြည်သူ့​လွှတ်​တော် အစည်း​အ​ဝေး​မှာ စစ်ကိုင်း​တိုင်း​ ဟုမ္မလင်း​မြို့​နယ် ပြည်သူ့​လွှတ်​တော်အမတ် ဦး​အေး​က သူတို့​အရပ်မှာ တက္ကသိုလ်ဝင်တန်း​ ​ကျောင်း​သူ တ​ယောက် ကိုယ်​လေး​လက်ဝန် ဖြစ်သွား​တဲ့​အမှုမှာ စွပ်စွဲခံရသူက ဒီအန်​အေ စစ်​ဆေး​ပေး​ဖို့​ ​တောင်း​ဆိုခဲ့​တာကို သက်ဆိုင်ရာ တရား​သူကြီး​တွေက ငြင်း​ပယ်ခဲ့​တဲ့​ အဖြစ်အပျက်ကို အ​ခြေခံပြီး​ ​မေး​မြန်း​တဲ့​အ​ပေါ် တရား​သူကြီး​၊​ ပြည်​ထောင်စုတရား​လွှတ်​တော်ချုပ် ဦး​မြင့်​အောင်က ​ဖြေဆိုခဲ့​တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရန်ကုန် အမျိုး​သား​ဓာတ်ခွဲဌာနမှာ ဒီအန်​အေ စစ်​ဆေး​နိုင်ပြီး​၊​ ပြည်​ထောင်စု တရား​လွှတ်​တော်ချုပ်ကလည်း​ ဒီအန်​အေ စစ်​ဆေး​ချက်ကို သက်​သေခံချက်အဖြစ် လက်ခံနိုင်​ပေမယ့်​ ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနနဲ့​ ညှိနှိုင်း​ထား​တာ မရှိ​သေး​တဲ့​ ​အောက်မှာ သက်​သေခံချက်အဖြစ် အသုံး​မပြုနိုင်​သေး​တာ ဖြစ်​ကြောင်း​ ရှင်း​ပြပါတယ်။

//
More News
Up