Home
မြန်မာသတင်း
အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်း ဆွေးနွေးပွဲ ကျင်းပ
သူဇာလင်း
·
January 19, 2020
အစိုးရဌာနဆိုင်ရာတွေက ရေးဆွဲတဲ့ ဥပဒေပြုရေးဖြစ်စဉ်မှာ အများပြည်သူ ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး အစိုးရရဲ့ ဝယ်ယူခြင်းနဲ့ ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်း ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၉ ရက်နေ့က ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။  အစိုးရရဲ့ ဝယ်ယူခြင်းနဲ့ ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်း အားနည်းချက်၊ အားသာချက် စတာတွေအပြင် အဂတိလိုက်စားမှုကို တွန်းလှန်နိုင်မယ့် အစိုးရပစ္စည်း ဝယ်ယူမှု ဥပဒေအတွက် လမ်းညွှန်ပေးနိုင်ဖို့၊ ဥပဒေတွေကို နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်တွေအတိုင်း ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်း စတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တာဝန်ရှိသူတွေက ပါဝင်ဆွေးနွေး ထောက်ပြခဲ့ကြပါတယ်။ ဥပဒေမှာတော့ နိုင်ငံတော်ဘဏ္ဍာ လေလွင့်ဆုံးရှုံးမှုမရှိစေဖို့၊ စီးပွားရေးအရ တွက်ခြေကိုက်မှုရှိပြီး ထိရောက်အကျိုးရှိတဲ့ ဝယ်ယူမှုဖြစ်စေဖို့၊ အစိုးရရဲ့ ဝယ်ယူတဲ့ လုပ်ငန်းတွေမှာ အရည်အချင်း၊ အရည်အသွေးနဲ့ ပြည့်မီတဲ့ တင်ဒါတင်သွင်းသူများ ပါဝင်ဆောင်ရွက်ဖို့နဲ့ တင်ဒါနဲ့ သက်ဆိုင်တဲ့ တိုင်ကြားလာမှုတွေအပေါ်မှာ ဒီဥပဒေအရ ကြားနာစစ်ဆေး ဆုံးဖြတ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ရမယ် စတဲ့ အချက်တွေ ပါဝင်ပါတယ်။ လက်ရှိ ရေးဆွဲထားတဲ့ ဥပဒေကြမ်းကိုတော့ မကြာခင်အချိန်အတွင်း ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဆွေးနွေးပြီး အတည်ပြု သတ်မှတ်သွားမှာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024