အထက်တန်း​စာ​မေး​ပွဲ​ဖြေချိန် မီး​ရရန် နိုင်ငံပိုင်စက်ရုံများ​ လည်ပတ်မှု ရပ်ဆိုင်း​ပေး​မည်

လာမယ့်​ မတ်လ ၁၃ ရက် က​နေ ၂၂ ရက်​နေ့​အထိ ကျင်း​ပမယ့်​ အ​ခြေခံပညာအထက်တန်း​ စာ​မေး​ပွဲ ​ဖြေဆိုချိန်ကာလမှာ ​ကျောင်း​သူ​ကျောင်း​သား​တွေ လျှပ်စစ်မီး​ မှန်မှန်ရဖို့​အတွက် မတ် ၁ ရက်​နေ့​ကစလို့​ နိုင်ငံပိုင်စက်ရုံ​တွေ လည်ပတ်မှုကို ည​နေ ၅ နာရီက​နေ မနက် ၅ နာရီအထိ ရပ်ဆိုင်း​ထား​မယ်လို့​ စွမ်း​အင်ဝန်ကြီး​ဌာန ပြည်​ထောင်စုဒုဝန်ကြီး​ ဦး​ထင်​အောင်က ​ပြောပါတယ်။ ​ဖေ​ဖော်ဝါရီ ၂၁ ရက်​နေ့​ ပြည်သူ့​လွှတ်​တော် အစည်း​အ​ဝေး​မှာ သဘာဝဓာတ်​ငွေ့​ လိုအပ်ချက်အ​ကြောင်း​ ​ဆွေး​နွး​စဉ် လျှပ်စစ်ဝန်ကြီး​ဌာနရဲ့​ အ​ကြောင်း​ကြား​ချက်ကို သူက ခုလို ထည့်သွင်း​ ​ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ​ကျောင်း​သူ​ကျောင်း​သား​တွေ စာ​မေး​ပွဲကာလ မတ် ၁ ရက်က​နေ ၂၂ ရက်​နေ့​အထိ လျှပ်စစ်ဓာတ်အား​ တိုး​တက်ထုတ်လုပ်နိုင်ဖို့​အတွက် ၁ ရက်ကို ကုန်း​တွင်း​ သဘာဝဓာတ်​ငွေ့​ ၁၈ သန်း​နဲ့​ ကမ်း​လွန်သဘာဝဓာတ်​ငွေ့​ သန်း​ ၃၀ ဖြည့်​ဆည်း​ပေး​ဖို့​ လျှပ်စစ်စွမ်း​အား​ဝန်ကြီး​ဌာနက ညှိနှိုင်း​ထား​ကြောင်း​လည်း​ သူက ရှင်း​ပြပါတယ်။

//
More News
Up