DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့်​ အ​မေရိကန် ပူး​တွဲပြီး​ မူး​ယစ်​ဆေး​ဝါး​ တိုက်ဖျက်​ရေး​ ပြန်လုပ်မည်
DVB
·
February 22, 2013
မြန်မာနှင့်​ အ​မေရိကန် ပူး​တွဲပြီး​ မူး​ယစ်​ဆေး​ဝါး​ တိုက်ဖျက်​ရေး​ ပြန်လုပ်မည်
Donate to DVB

မြန်မာနိုင်ငံနဲ့​ အ​မေရိကန်ပြည်​ထောင်စုဟာ ဘိန်း​အထွက် တိုင်း​တာ​ရေး​နဲ့​ မူး​ယစ်​ဆေး​ဝါး​ တိုက်ဖျက်​ရေး​အေဂျင်စီ ထူ​ထောင်မှု​တွေမှာ ပူး​ပေါင်း​ဆောင်ရွက်ဖို့​ သ​ဘောတူစာချုပ်ကို လက်မှတ်ထိုး​ကြတယ်လို့​ နိုင်ငံပိုင်မီဒီယာ​တွေမှာ ဒီ​နေ့​ဖော်ပြပါတယ်။

ဒီသ​ဘောတူစာချုပ်ကို မြန်မာနိုင်ငံခြား​ရေး​ဝန်ကြီး​ ဦး​ဝဏ္ဏ​မောင်လွင်နဲ့​ မြန်မာနိုင်ငံဆိုင်ရာ အ​မေရိကန် ပြည်​ထောင်စုသံအမတ်ကြီး​ ဒဲရစ်မစ်ချယ်တို့​ ​နေပြည်​တော်မှာ မ​နေ့​က လက်မှတ်ထိုး​တာ ဖြစ်ပါတယ်။

မြန်မာအစိုး​ရ မူး​ယစ်ဗဟိုက ရဲအုပ်မြင့်​လတ်သိန်း​က “မ​နေ့​ကမှ နား​လည်မှု စာချွန်လွှာ လက်မှတ်ထိုး​တာပါ။ ဘာမှ အ​ကောင်အထည်မ​ဖော်ရ​သေး​ပါဘူး​” လို့​ ​ပြောပါတယ်။

မြန်မာ့​အလင်း​သတင်း​စာရဲ့​ ​မေး​မြန်း​ချက်ကို အ​မေရိကန်သံအမတ်ကြီး​က ​ဖြေဆိုချက် မှာ​တော့​ မူး​ယစ်​ဆေး​ဝါး​ တိုင်း​တာ​လေ့​လာမှုကို လာမယ့်​သီတင်း​ပတ်ထဲမှာ စတင်နိုင်မယ်လို့​ ​မျှော်လင့်​တယ်လို့​ ​ဖြေထား​ပါတယ်။

မူး​ယစ်​ဆေး​ဝါး​တိုက်ဖျက်​ရေး​ ​အေဂျင်စီထူ​ထောင်ခြင်း​နဲ့​ ပတ်သက်လို့​က​တော့​ အချင်း​ချင်း​ ညှိနှိုင်း​ကြရဦး​မှာဖြစ်ပြီး​ ဒီနှစ်ကုန် သို့​မဟုတ် လာမယ့်​နှစ်တွင်း​မှာဖြစ်လိမ့်​မယ်လို့​ ထင်​ကြောင်း​ မစ္စတာ ဒဲရစ်မစ်ချယ်က ​ပြောပါတယ်။

မြန်မာနဲ့​ အ​မေရိကန်ပြည်​ထောင်စုဟာ ဘိန်း​အထွက်တိုင်း​တာ​ရေး​ကို ၁၀ ကြိမ် ပူး​တွဲလုပ်​ဆောင်ခဲ့​ဖူး​ပါတယ်။ ၂၀၀၄ ခုနှစ်မှာ အဲဒီအစဉ်အစဉ်ကို ဆိုင်း​ငံ့​ထား​ရာက အခု ပြန်စမှာဖြစ်ပါတယ်။

ကုလသမဂ္ဂမူး​ယစ်​ဆေး​ဝါး​ တိုက်ဖျက်​ရေး​အဖွဲ့​ကလည်း​ မြန်မာနိုင်ငံဟာ ၆ နှစ်အတွင်း​ ဘိန်း​နဲ့​ စိတ်ကြွ​ဆေး​ပြား​ ထုတ်လုပ်မှု မြင့်​တက်တယ်လို့​ ၂၀၁၂ ခုနှစ်ကုန်ပိုင်း​မှာ ​ကြေညာခဲ့​ပါတယ်။

ဘိန်း​စိုက်ပျိုး​မှု စုစု​ပေါင်း​ရဲ့​ ၉၀ ရာခိုင်နှုန်း​ဟာ ရှမ်း​ပြည်နယ်ဖြစ်ပြီး​ ကျန် ၁၀ ရာခိုင်နှုန်း​က ကချင်ပြည်နယ်မှာ ဖြစ်​ကြောင်း​၊​ ပြည်နယ် ၂ ခုလုံး​ဟာ ​ဒေသမတည်ငြိမ်တဲ့​ ပဋိပက္ခနယ်​မြေအဖြစ် ရှိ​နေ​ကြောင်း​နဲ့​ ပဋိပက္ခဖြစ်​နေတဲ့​ ​ဒေသ​တွေမှာ အလုပ်အကိုင်ရှား​ပါး​မှုနဲ့​ ဘဝရပ်တည်​ရေး​ မ​ပြေလည်မှု​တွေဟာ ​ဒေသခံ​တွေကို ဘိန်း​စိုက်ပျိုး​အောင် တွန်း​ပို့​နေတယ်လို့​ သတိ​ပေး​ခဲ့​ပါတယ်။

စစ်အစိုး​ရလက်ထက်တုန်း​က ဘိန်း​ကင်း​စင်​ရေး​ နှစ်တိုနဲ့​ နှစ်ရှည်စီမံချက်​တွေ အ​ကောင်အထည်​ဖော်​ပေမယ့်​ မ​အောင်မမြင် ဖြစ်ခဲ့​ရတာ​ကြောင့်​ လွန်ခဲ့​တဲ့​ ဆယ်စုနှစ်​တွေကအတိုင်း​ပဲ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီး​ရင် ကမ္ဘာ​ပေါ်မှာ ဘိန်း​အထွက်ဆုံး​နိုင်ငံ အဖြစ် ဆက်လက်ရပ်တည်​နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013