DVB Logo
Home
မြန်မာသတင်း
အစိုး​ရနှင့်​ ကချင်​ခေါင်း​ဆောင်တချို့​ ထိုင်း​တွင် အလွတ်သ​ဘော​တွေ့​မည်
DVB
·
February 21, 2013
Donate to DVB

အစိုး​ရ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်မှု လုပ်ငန်း​အဖွဲ့​ခေါင်း​ဆောင် ဦး​အောင်မင်း​က ထိုင်း​နိုင်ငံ ချင်း​မိုင်မြို့​မှာရှိတဲ့​ ကချင်​ခေါင်း​ဆောင်​တွေကို အလွတ်သ​ဘော​တွေ့​ဆုံမယ်လို့​ ​ပြောဆိုပါတယ်။

ဦး​အောင်မင်း​က “​ကေအိုင်အိုနဲ့​ အစိုး​ရအကြား​ ​ဖေ​ဖော်ဝါရီ ၄ ရက်​နေ့​ ​တွေ့​ဆုံပွဲပြီး​တဲ့​ ​နောက်ပိုင်း​မှာ တိုက်ပွဲ​တွေ​တော်​တော် ​အေး​ချမ်း​နေပါပြီ။ တခြား​တိုင်း​ရင်း​သား​တွေ ​နောက်ဆက်တွဲ​ဆောက်ရွက်မှု လုပ်သလို ဆက်လုပ်ပါမယ်။ နိုင်ငံ​ရေး​တွေ့​ဆုံ​ဆွေး​နွေး​မှုလည်း​ သူတို့​ (​ကေအိုင်အို) ပါဝင်လာမှာ ဖြစ်ပါတယ်။ သူတို့​ ဒီမှာဆိုရင် ယူအန်အက်ဖ်စီက ​ဒေါက်တာလဂျာ (​ကေအိုင်အိုအ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါက်တာလဂျာ) ကိုယ်တိုင် ဒီမှာတက်​ရောက်ပါတယ်။ ဒါဟာ ​အောင်မြင်တဲ့​ အထိမ်း​အမှတ်ဖြစ်ပါတယ်။ ချင်း​မိုင်မှာ အစည်း​အ​ဝေး​တော့​ မဟုတ်​သေး​ဘူး​။ ဒီမှာရှိတဲ့​ ကချင်တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေနဲ့​ ​တွေ့​မှာပါ” လို့​ ​ပြောပါတယ်။

ဖေ​ဖော်ဝါရီ ၂၀ ရက်​နေ့​က ​ကေအိုင်အိုအပါအဝင် ယူအန်အက်ဖ်စီအဖွဲ့​နဲ့​ နိုင်ငံ​ရေး​တွေ့​ဆုံ​ဆွေး​နွေး​ပွဲကို ချင်း​မိုင်မြို့​ Holiday Inn ဟိုတယ်မှာ အကြိုညှိနှိုင်း​အပြီး​ သတင်း​စာရှင်း​လင်း​ပွဲမှာ ​ပြောဆိုတာဖြစ်ပါတယ်။

ဒါ​ကြောင့်​ ချင်း​မိုင်မြို့​မှာ ​ဖေ​ဖော်ရီ ၂၀ ရက်​နေ့​က ကျင်း​ပတဲ့​ ယူအန်အက်ဖ်စီနဲ့​ နိုင်ငံ​ရေး​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ အကြိုညှိနှိုင်း​ပွဲကို တက်​ရောက်လာတဲ့​ ​ကေအိုင်အို​ခေါင်း​ဆောင် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါက်တာလဂျာအပါအဝင် ​ကေအိုင်အိုတာဝန်ရှိသူတချို့​နဲ့​ ​တွေ့​ဆုံဖွယ်ရှိပါတယ်။

ကေအိုင်အိုနဲ့​ အစိုး​ရအကြား​ ဒီလကုန်ပိုင်း​ကျရင် ​ဆွေး​နွေး​ပွဲ ​နောက်တကြိမ် ဖြစ်မယ်လို့​ ဦး​အောင်မင်း​က သတင်း​ထောက်ရဲ့​ အ​မေး​ကို ​ဖြေဆိုသလို ​နေရာ၊​ အချိန် မသတ်မှတ်ရ​သေး​ဘူး​လို့​ ဆိုပါတယ်။

ကေအိုင်အို အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါက်တာလဂျာကလည်း​ တိုက်ပွဲ​တွေ မရှိ​တော့​သ​လောက် နည်း​ပါး​သွား​တယ်လို့​ ​ပြောဆိုခဲ့​သလို ဖက်ဒရယ်ပြည်​ထောင်စု ​ပေါ်ထွန်း​ဖို့​ ဝိုင်း​လုပ်ကြဖို့​ တိုက်တွန်း​ပါတယ်။

ဒေါက်တာလဂျာက “အား​လုံး​က ဖက်ဒရယ်ပြည်​ထောင်စု ဖြစ်​အောင်၊​ စစ်မှန်တဲ့​ ပြည်​ထောင်စုဖြစ်​အောင် ဆိုလို့​ရှိရင် ကျ​နော်တို့​ တိုင်း​ရင်း​သား​တွေအား​လုံး​ပေါ့​နော်။ ပြည်​ထောင်စုသား​တွေအား​လုံး​အတွက် ညီညွတ်မှု ပို​ဖော်​ဆောင်ပြီး​မှ ပြည်​ထောင်စုအတွက် တိုး​တက်ရာ တိုး​တက်​ကြောင်း​၊​ ​အေး​ချမ်း​မှု၊​ သာယာမှု အား​လုံး​ အဲဒီအခါမှဖြစ်နိုင်မယ်လို့​ ​ပြောချင်ပါတယ်။”

ကချင်လွတ်​မြောက်​ရေး​အဖွဲ့​ (​ကေအိုင်အို) ဟာ စစ်အစိုး​ရလက်ထက် ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲခဲ့​ပေမယ့်​ စစ်အစိုး​ရ မဖျက်သိမ်း​ခင်မှာ နယ်ခြား​စောင့်​တပ်အသွင် ​ပြောင်း​ခိုင်း​တာကို လက်မခံတဲ့​နောက် ဦး​သိန်း​စိန်အစိုး​ရလက်ထက် ၂၀၁၁ ခုနှစ်လယ်ပိုင်း​မှာ အပစ်အခတ် ရပ်စဲ​ရေး​ပျက်ပြား​ခဲ့​ပြီး​ ဒီလဆန်း​ပိုင်း​မှာ နှစ်ဘက်ပြန်​ဆွေး​နွေး​ပြီး​နောက် တိုက်ပွဲ​တွေ ရပ်​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013