A d v e r t i s e m e n t With Us

ပျက်ကျလေယာဉ်၏ black box များကို  အီရန်က ပေးအပ်ရန် အသင့်ရှိဟု ယူကရိန်းပြော

(File/AFP)
ပျက်ကျယူကရိန်း ခရီးသည်တင်လေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက် (black box) တွေကို အီရန်အစိုးရက ပေးအပ်ဖို့ အဆင်သင့်ပဲလို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၁၇ ရက်မှ ာပြောလိုက်ပါတယ်။  လာမယ့်သီတင်းပတ်အတွင်း အီရန်ကိုယ်စားလှယ်အဖွဲ့ဟာ ယူကရိန်းကို လာရောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဗာဂျင်း ပရိုက်စ်တေကိုက လွှတ်တော်ကို ပြောခဲ့တာပါ။  အီရန်၊ ကနေဒါနဲ့ ယူကရိန်း ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ပူးတွဲစစ်ဆေးရေးအဖွဲ့က စုံစမ်းပြီးနောက်မှာ အီရန်အနေနဲ့ ယူကရိန်း ပျက်ကျလေယာဉ်က ဒေတာနဲ့ အသံ ရီကော်ဒါတွေကို လွှဲပေးဖို့ ဆန္ဒရှိတယ်လို့  နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။  လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး အီရန် ထိပ်တန်းတာဝန်ရှိသူတွေ နိုင်ငံရေးအရ တာဝန်ယူမှု ရှိတာကို အသိမှတ်ပြုကြောင်း ဆွေးနွေးရမယ်လို့လည်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။  နောက်ပြီး လေယာဉ်ကို ပစ်ချမိန့်ပေးတဲ့ အဖွဲ့တခုလုံး၊ ဒီအတွက် ဘယ်သူ့အမှားလဲ ဆိုတာကိုပါ ဆွေးနွေးသွားမယ်လို့ ဗာဂျင်း ပရိုက်စ်တေကိုက ယူကရိန်းလွှတ်တော်မှာ ပြောခဲ့ပါတယ်။  သတင်းထုတ်ပြန်ဖို့နဲ့ အီရန်ဘက်က ဖြေရှင်းချက်ရရှိဖို့ ယန္တရားအားလုံးမှာ ယူကရိန်း အလိုကျ လုပ်ဆောင်ခွင့်ရထားရုံတင်မရကဘဲ လေယာဉ်ပျက်ကျရာမှာ သေဆုံးခဲ့တဲ့ ယူကရိန်း နိုင်ငံသားတွေအတွက် လျော်ကြေးငွေပိုင်းမှာလည်း ယူကရိန်းဘက်က ကျေအေးမှုရှိတယ်လို့ ပရိုက်စ်တေကိုက ပြောခဲ့ပါတယ်။  ဇန်နဝါရီ ၈ ရက်က အီရန်နိုင်ငံမြို့တော် တဟီရန်အနီး လေဆိပ်ကနေ ပျံတက်တဲ့ ယူကရိန်း ခရီးသည်တင်လေယာဉ်ဟာ ဒုံးကျည်ထိမှန်မှုကြောင့် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါလာသူ ၁၇၆ ယောက်စလုံး သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up