DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် မွတ်စလင်စာသင်​ကျောင်း​တခု အခင်းဖြစ်ပွား​ပြီး​နောက် ချိပ်ပိတ်
DVB
·
February 21, 2013
ရန်ကုန်တွင် မွတ်စလင်စာသင်​ကျောင်း​တခု အခင်းဖြစ်ပွား​ပြီး​နောက် ချိပ်ပိတ်
Donate to DVB

ရန်ကုန်တိုင်း​ သာ​ကေတမြို့​နယ်မှာ မွတ်စလင်ဘာသာ​ရေး​ စာသင်​ကျောင်း​တခုဟာ ရပ်ကွက်တွင်း​မှာ ဗလီအဖြစ် ​ပြောင်း​လဲမှုအ​ခြေအ​နေ​တွေ ​တွေ့​ရတယ်ဆိုပြီး​ လူစုလူ​ဝေး​နဲ့​ ကန့်​ကွက်မှုဖြစ်ပွား​ခဲ့​ပြီး​နောက် အဲဒီအ​ဆောက်အဦကို အစိုး​ရက ချိပ်ပိတ်လိုက်ပါတယ်။

ရန်ကုန်တိုင်း​ သာ​ကေတမြို့​နယ် မာန်​ပြေရပ်ကွက် ၁၈ လမ်း​နဲ့​ ၁၉ လမ်း​အကြား​မှာ ​ပေ ၂၀ ​ပေ၊​ ၆၀ ​လောက်အကျယ် အ​ဆောက်အဦ ​ဆောက်​နေဆဲဖြစ်ပြီး​ အဲဒီအ​ဆောက်အဦဟာ ဗလီနဲ့​တူတဲ့​အတွက်​ကြောင့်​ ရပ်ကွက်တွင်း​မှာ မရှိသင့်​ဘူး​ဆိုပြီး​ ဖျက်ဖို့​ ၁၈ ရက်​နေ့​က လူစုလူ​ဝေး​နဲ့​ ​တောင်း​ဆိုခဲ့​ကြပါတယ်။

ဒါ​ကြောင့်​ သက်ဆိုင်ရာက အဲဒီအ​ဆောက်အဦကို အခုအခါ ချိပ်ပိတ်ထား​လိုက်ပြီလို့​ သွား​ကြည့်​သူတဦး​က ​ပြောပါတယ်။

[caption id="attachment_36711" align="alignright" width="300" caption="ချိပ်ပိတ်ခံရသည့်​ ​ကျောင်း​"][/caption]

“ရပ်ကွက်​တွေမှာရှိ​နေတဲ့​ ဗလီပုံစံမျိုး​လုပ်​တော့​လေ။ ​ရေ​ဆေး​ကန်၊​ ​ခြေ​ထောက်​ဆေး​ကန်တို့​ အဲဒါ​တွေကအစ လုပ်လိုက်​တော့​ ပြည်သူ​တွေကသိသွား​ပြီး​ ကန့်​ကွက်တာ။ ​လော​လောဆယ် ၂၀ ရက်​နေ့​က ချိပ်ပိတ်လိုက်တယ်။ ညက အမိန့်​ထုတ်ထား​တယ်၊​ ရဲကား​တွေဘာ​တွေ ချထား​တယ်။ ဆူရင် လမ်း​ပေါ်ထွက်ရင် အကုန်ဆွဲဖမ်း​မယ်ဆိုပြီး​ ပိတ်ထား​လို့​ ညက​တော့​ ဘာသံမှမကြား​ရဘူး​။”

မွတ်စလင်စာသင်​ကျောင်း​တခုက​နေ ဗလီတခုပုံစံ ​ဆောင်ရွက်ပြီး​ ခွင့်​ပြုမိန့်​ထက် ၅ ​ပေ ပိုပြီး​ဆောက်ထား​တာ​တွေကို ​ထောက်ပြီး​ ဒီလ ၁၈ ရက်​နေ့​မှာ လူစုလူ​ဝေး​နဲ့​ အ​ဆောက်အဦကို ဖျက်​ပေး​ဖို့​ ​တောင်း​ဆိုဆန္ဒပြကြတယ်လို့​ ဆိုပါတယ်။

သက်ဆိုင်ရာက ဝင်​ရောက်ထိန်း​သိမ်း​ပြီး​ ​ခေါင်မိုး​ပိုင်း​ကို ဖျက်​ပေး​ခဲ့​ပေမယ့်​ လူစုလူ​ဝေး​က တိုင်​တွေကိုပါ ဖျက်​ပေး​ရမယ်လို့​ ​တောင်း​ဆိုကြတယ်လို့​ မျက်မြင်​တွေက ​ပြောပါတယ်။

အဲလိုအ​ခြေအ​နေ ဖြစ်​နေတဲ့​နေရာကို ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် ကိုကိုကြီး​နဲ့​ ကိုဂျင်မီတို့​ သွား​ရောက်ကြည့်​ရှု ​မေး​မြန်း​ခဲ့​ပါတယ်။

၁၉ ရက်​နေ့​က ​တွေ့​ရှိချက်အ​ခြေအ​နေကို ကိုကိုကြီး​က “ဆန္ဒပြသူ​တွေဘက်က စွပ်စွဲတာက​တော့​ ဒါဟာ အထပ်မြင့်​ဗလီအ​ဆောက်အအုံ​ဆောက်ဖို့​အတွက် ထပ်ပြီး​ တဆင့်​တဆင့်​ပြီး​ ကြိုး​စား​လာတယ်။ အဲ​တော့​ တာဝန်ရှိသူ​တွေက ဒါကို ဘယ်လိုခွင့်​ပြုခဲ့​သလဲ။ ခွင့်​ပြုတဲ့​ပမာဏထက် ​ကျော် ​ဆောက်တယ်ဆိုရင်လည်း​ ဒါဟာ ဘယ်သူ့​မှာ တာဝန်ရှိသလဲ။ ဒါ​တွေကို စုံစမ်း​စစ်​ဆေး​ဖို့​လိုတယ်လို့​ ကျ​နော်တို့​က​တော့​ ရှင်း​ပြပြီး​ အတတ်နိုင်ဆုံး​ ထိန်း​သိမ်း​ဖို့​ ကြိုး​စား​တယ်။ တဖက်ကလည်း​ ဒီလိုအငြင်း​ပွား​နေချိန်မှာ အ​ဆောက်အဦကို ချိပ်ပိတ်ထား​ဖို့​ တာဝန်ရှိသူ​တွေကို ​တောင်း​ဆိုတယ်။ ​နောက်​နေ့​ ကျ​နော်သွား​တဲ့​အချိန်မှာ​တော့​ သွပ်ပြား​နဲ့​ ရိုက်ပိတ်ပြီး​ ချိပ်ပိတ်ထား​လိုက်တယ်” လို့​ ​ပြောပါတယ်။

ဒီအဖြစ်အပျက်ရဲ့​ ​နောက်ဆက်တွဲအဖြစ် မွတ်စလင်တချို့​ရဲ့​ ဆိုင်ငယ်တချို့​ဖျက်ဆီး​ခံရမှု​တွေ ဖြစ်ခဲ့​ပါတယ်။

ဒါနဲ့​ ပတ်သက်လို့​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ အစ္စလာမ်ဘာသာ​ရေး​အဖွဲ့​ကြီး​က တာဝန်ရှိသူတဦး​ဖြစ်တဲ့​ ဦး​ဝဏ္ဏ​ရွှေက ဒီအဖြစ်အပျက်ဟာ မြို့​သစ်​တွေမှာ အာဏာပိုင်​တွေက ဗလီ ​ဆောက်လုပ်ခွင့်​ မပြုတဲ့​အတွက် ရှုပ်​ထွေး​မှုဖြစ်ရတာလို့​ ​ပြောပါတယ်။

“မြို့​သစ်​တွေမှာ ကျ​နော်တို့​ကို ဗလီဆိုပြီး​ သတ်မှတ်​နေရာ​ပေး​ထား​တာမရှိဘူး​။ မသတ်မှတ်​ပေး​ထား​တော့​ အိမ်​တွေမှာ​ရော ဘာသာ​ရေး​စာသင်​ကျောင်း​တွေမှာ​ရော ကြုံသလို ဝတ်ပြုကြရတယ်။ အဲလို သတ်မှတ်မ​ပေး​ထား​လို့​ ဒီလိုရှုပ်​ထွေး​မှုဖြစ်တာ။”

ဒီလို အခင်း​ဖြစ်ပွား​ခဲ့​ပြီး​တဲ့​နောက် ရပ်ကွက်တွင်း​က မွတ်စလင်တချို့​ရဲ့​ ကွမ်း​ယာဆိုင် နဲ့​ ဖုန်း​ဆိုင်တချို့​ ဖျက်ဆီး​ခံခဲ့​ရပါတယ်။

အခင်း​ဖြစ်တဲ့​နေရာကို ​ရောက်ရှိတဲ့​ မျက်မြင်အဆိုအရ ဒီဆန္ဒပြမှုဟာ သမား​ရိုး​ကျ ဆန္ဒပြုတာ​တွေရှိသလို ဖန်တီး​မှုရဲ့​အစအန​တွေလည်း​ ​တွေ့​ရတယ်လို့​ ​ပြောပါတယ်။
“ဒီကြား​ထဲ ဘာ​တွေရှိလဲဆို​တော့​ ဒီလူ​တွေက ကား​နဲ့​လာတယ်၊​ ​နောက် ၃-၄ ​ယောက် ဆင်း​လာပြီး​ တုတ်​တွေဘာ​တွေကိုင်ပြီး​ လူစုလူ​ဝေး​ထဲဝင်လာပြီး​ ဘာဖြစ်တယ် ညာဖြစ်တယ် ​ပြောပြီး​ ကား​က​နေ ဝီစီလှမ်း​ မှုတ်လိုက်တာ့​ အဲ ဆင်း​လာတဲ့​ ၃-၄​ယောက်က​နေ ဟာ ချ​ဟေ့​ ချ​ဟေ့​ ဆိုပြီး​ ​ပြေး​ဘာညာနဲ့​ပြောတယ်။ သူတို့​ ၃-၄ ​ယောက်ပဲ၊​ ကျန်တဲ့​လူ​တွေက ငြိမ်​နေ​တော့​ ကား​ပေါ်တက်ပြီး​ ပြန်သွား​ရော။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013