Home
မြန်မာသတင်း
ကျောက်မီးသွေးလောင်စာအသုံးမပြုရေး ကရင် ကျေးရွာ ၂၇ ရွာ ဆုတောင်း
နော်နိုရင်း
·
January 17, 2020
83410767_149497033150469_6784839844141989888_n
82326376_10218883561893453_1249193295330934784_o
82299564_149496899817149_5827664703865749504_n
82170663_149496999817139_3687300900461740032_n
82162522_149497096483796_696752113270652928_o
82252625_149497133150459_5515374878699552768_o
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိုင်ကလေး တန် ၄၀၀၀ ဘိလပ်မြေစက်ရုံမှာ ကျောက်မီးသွေးလောင်စာအသုံးပြုနေတာကို ရပ်ဆိုင်းဖို့ ဒေသခံ ကျေးရွာ ၂၇ ရွာက ပြည်သူ ထောင်ချီ ဆုတောင်းပွဲ ဒီနေ့မနက်က ပြုလုပ်ပါတယ်။  ဆုတောင်းပွဲကို မြိုင်ကလေးကျေးရွာအုပ်စု နတ်ကုန်းကျေးရွာရှိ ဘိုးဘိုနတ်နမ်းရှေ့မှာ စုပေါင်း ဆုတောင်းပွဲပြုလုပ်ခဲ့တာပါ။ ဒီဆုတောင်းပွဲမှာ ပါဝင်တဲ့ ရွာကြီးကျေးရွာနေ ကိုကျော်လှိုင်က “ ဝန်ကြီးချုပ်လာတဲ့အခါတိုင်း ရေအရောင်ပြောင်းတာဟာ ကျောက်မီးသွေးကြောင့် မဟုတ်ဘူး။ နောက်ပြီး ရေအရောင်ပြောင်းတာ နဲ့ ပတ်သက်လို့ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ကျနော်တို့ လိုချင်တာ၊ ကျောက်မီးသွေး လောင်စာ အသုံးပြုမှုကြောင့်ကျော်မီးသွေးစီးကျတယ်။ စီးကျလာတဲ့ ရေတွေကြောင့် ရေအရောင်ပြောင်းလာတာ။ ဒါကို ကျနော်တို့ ထိရောက်စွာအရေးယူပေးဖို့ လိုလားတယ်။ ဒါကြောင့်ဖြစ်တယ်ဆိုရင် ဒီကျောက်မီးသွေးလောင်စာကို အသုံးပြုမှုကို လုံးဝပိတ်သိမ်းဖို့ ကျနော်တို့ က လိုချင်တာ။ ဒါပေမယ့် သူက အဲဒါကို မလုပ်ဘူး။ လမ်းတွေပြင်ပေးမယ် ရေလေးလှူပေးမယ်။ အဝီစိရေတူးပေးမယ်။ အဲဒါပဲ လိုက်လုပ်နေတာ။ အမ်အီးစီကလည်း ဒီလိုပဲ ပြောတယ်။ အစိုးရ ဘက်ကရော၊ အမ်အီးစီကရောအဲလိုပဲ ပြောတယ်ဆိုတော့ ကျနော်တို့မှာ ဘယ်သူ့ကိုအားကိုးလို့ ကိုးရမှန်းမသိဘူး။ ကျနော်တို့မှာ ဆုတောင်းရုံကလွဲလို့ ဘာမှမရှိဘူး။” မြိုင်ကလေး တန် ၄၀၀၀ ဘိလပ်မြေ စက်ရုံရဲ့ ကျောက်မီးသွေးဆိုးကျိုး ဘေးအန္တရာယ်ဟာ အနီးအနားကျေးရွာတွေကို ကျရောက်ပြီး ရေတွေ မဲနက်နေတဲ့ အရောင်တွေ ဖြစ်သွားတဲ့အတွက် သောက်သုံးဖို့ ရေ အခက်တွေ့နေတာပါ။  ကရင်ပြည်နယ်ဝန်ကြီးချုပ်ကတော့ မဲနေတဲ့ရေကို သောက်သုံးရင် အန္တရာယ်မရှိဘူးလို့ ပြောဆိုပေမယ့် ဒီရေကို သောက်သုံးမိတဲ့ဒေသခံတွေကတော့ ယားယံတာတွေ အခုချိန်ထိ ဖြစ်ပေါ်နေပါတယ်။ ဒီလိုရေအခက်အခဲဖြစ်နေတဲ့ ကျေးရွာတွေကို အစောပိုင်း ရေအလှူတွေ လာရောက်လှူဒါန်း တာတွေ ရှိပေမယ့် အခုနောက်ပိုင်းမှာ ရေလှူတာတွေ နည်းပါးလာတဲ့အတွက် ဒေသခံတွေ ရေအတွက် အခက်ဖြစ်နေကြရတာဖြစ်ပါတယ်။  ဒီဆုတောင်းပွဲမှာ ပါဝင်တဲ့ နတ်ကုန်းကျေးရွာက ဦးဇင်း ဦခေမိဒ္ဒက “ဒီကျောက်မီးသွေးကြောင့် ရေတွေမဲလာတယ်။ မဲလာတဲ့အတွေက်ကြောင့် ကျေးရွာကလူတွေကလည်း သောက်ရေသုံးရေ မရတော့ဘူး ပေါ့နော်။ မရတော့ ရေအလှူရှင်တွေက သနားပြီးတော့ ရေလာလှူကြတယ်။ နောက်ပိုင်းလာလှူတဲ့လူလည်း မရှိတော့ဘူး။ အဲဒီ ကျေးရွာသူကျေးရွာသားတွေရဲ့ အဖြစ်အပျက်ကို တွေ့ရတဲ့အခါကျတော့လည်း သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို ဒီတိုင်းပြောလို့လည်းမရတဲ့အခါ ကျတော့ဘိုးဘိုးကြီးနတ်ကို သွားပြီးဆုတောင်းတာပေါ့။ ” မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် မြိုင်ကလေး တန် ၄၀၀၀ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံနားက ရွာတချို့မှာ အောက်တိုဘာလဆန်းပိုင်းလောက်ကစပြီး ရေအရောင်ပြောင်းလဲပြီး ငါးတွေ သေနေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024