ရေအား​လျှပ်စစ်စီမံကိန်း​ လူထုဆန္ဒ အ​လေး​ထား​မည်ဟု ကယား​ပြည်နယ်အစိုး​ရ ဆို

ကယား​ (ကရင်နီ) ပြည်နယ် သံလွင်မြစ်​ပေါ်မှာ တည်​ဆောက်မယ့်​ အကြီး​စား​ ​ရေအား​လျှပ်စစ်စီမံကိန်း​ဖြစ်တဲ့​ ရွာသစ်စီမံကိန်း​ကိစ္စက ပြည်သူလူထု​တွေရဲ့​ ဆန္ဒသ​ဘောထား​ကို ဦး​စွာရယူမယ်လို့​ ပြည်နယ်လျှပ်စစ်ဝန်ကြီး​ ဦး​စောဟူး​ဟူး​က ​ပြောပါတယ်။ ကယား​ပြည်နယ်အစိုး​ရက ဒီစီမံကိန်း​နဲ့​ ပတ်သက်လို့​ ပြည်သူရဲ့​ဆန္ဒသ​ဘောထား​ကို အ​လေး​ထား​မယ့်​အ​ကြောင်း​နဲ့​ တိုင်း​တာမှု လုပ်ငန်း​တွေကို​တော့​ ကုမ္ပဏီဘက်က အရင်တင်ပြထား​တဲ့​အတွက် ခွင့်​ပြု​ပေး​ထား​တယ်လို့​ သူက ​ပြောပါတယ်။ ဒီစီမံကိန်း​က​နေ လျှပ်စစ်ဓာတ်အား​ ၆၀၀ မဂ္ဂါဝပ် ထုတ်မှာဖြစ်ပြီး​ အခုအ​နေအထား​မှာ​တော့​ ​လေ့​လာတွက်ချက် တိုင်း​တာပြီး​မှသာလျှင် ပြည်သူလူထုကို ချပြရှင်း​လင်း​နိုင်မှာ ဖြစ်တယ်လို့​ ​ပြောပါတယ်။ ကရင်နီ လူမှုအဖွဲ့​အစည်း​များ​ ကွန်ရက် (​ကေစီအက်စ်အန်) မှ ခူး​တော်ရယ်က​တော့​ ဒီစီမံကိန်း​က​နေ လျှပ်စစ်ဓတ်အား​ မဂ္ဂါဝပ် ၄၀၀၀ ခန့်​ ထုတ်မှာဖြစ်တယ်လို့​ တရုတ်ကုမ္ပဏီရဲ့​ ဝက်ဆိုက်မှာ ​ဖော်ပြထား​ချက်ကို ကိုး​ကား​ပြောဆိုပါတယ်။ ဒီ​လောက်ကြီး​မား​တဲ့​စီမံကိန်း​ဟာ စိုက်ပျိုး​မြေ​တွေ ​ရေလွှမ်း​မယ့်​ အ​နေအထား​မျိုး​ ရှိနိုင်တယ်လို့​လည်း​ သူက ခန့်​မှန်း​ပြောဆိုသလို တာဝန်ရှိသူ​တွေဘက်က ပွင့်​ပွင့်​လင်း​လင်း​ လူထုကို အသိ​ပေး​ဖို့​လိုတယ်လို့​ ဆိုပါတယ်။ လွန်ခဲ့​တဲ့​လပိုင်း​တွေတုန်း​က ကရင်နီအမျိုး​သား​တိုး​တက်​ရေး​ပါတီ (​ကေအန်ပီပီ)နဲ့​ အစိုး​ရ ပြည်​ထောင်စုအဆင့်​ ပထမအကြိမ် ငြိမ်း​ချမ်း​ရေး​ဆွေး​နွး​ပွဲ သ​ဘောတူညီချက်​တွေမှာလည်း​ ဒီရွာသစ် ​ရေအား​လျှပ်စစ်စီမံကိန်း​ အ​ကောင်အထည်​ဖော်မယ့်​ကိစ္စနဲ့​ ပတ်သက်ပြီး​ ​ဒေသခံပြည်သူလူထုနဲ့​ လူမှုအသင်း​အဖွဲ့​တွေကို အစိုး​ရက​နေပြီး​ ပွင့်​လင်း​မြင်သာမှုရှိဖို့​အတွက် သ​ဘောတူထား​ပြီး​ဖြစ်ပါတယ်။ ​ဘော်လခဲမြို့​နယ်အတွင်း​ရှိ ​ရေအား​လျှပ်စစ်စီမံကိန်း​တွေကိုလုပ်ဖို့​ အစိုး​ရနဲ့​ တရုတ်အစိုး​ရပိုင် Datang ​ကော်ပို​ရေး​ရှင်း​တို့​ဟာ ၂၀၁၀ နှစ်ဆန်း​ပိုင်း​ ကတည်း​က လက်မှတ်​ရေး​ထိုး​ခဲ့​တာ ဖြစ်ပါတယ်။

//
More News
Up