Home
မြန်မာသတင်း
တရုတ်သမ္မတ ရှီကျင့်ဖျင် နေပြည်တော်လေဆိပ်ရောက်ရှိ
DVB
·
January 17, 2020
82922572_1019825201725436_5472360240064233472_o
82914822_1019825095058780_2750830908461285376_o
82865943_2550928831701634_962788503618322432_o
82783747_2550928675034983_3805008924499771392_o
82699164_2550928808368303_6242061578288496640_o
82771335_2550929655034885_3150462570083647488_o
82592311_1019825231725433_7419551893556297728_o
82176627_2550929005034950_6546619315565625344_o
82090363_1019825161725440_7992895968481640448_o
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို ၂ရက်ကြာ ချစ်ကြည်ရေးခရီးစတင်လိုက်ပြီး    ဒီနေ့ နေ့လယ်ပိုင်းက နေပြည်တော်လေဆိပ်သို့ အထူးလေယာဉ်နဲ့ ရောက်ရှိလာပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒုသမ္မတ ဦးမြင့်ဆွေနဲ့ တာဝန်ရှိသူတွေက နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ အတူ ကြိုဆို နှုတ်ဆက်ကြသလို လေဆိပ်လမ်းတလျှောက် ပြည်သူလူထုတွေက အလံတွေကိုင်ပြီး ကြိုဆို ခဲ့ကြပါတယ်။ တရုတ်သမ္မတနဲ့အတူ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တွေ၊ နိုင်ငံခြားရေးဝန်ကြီး ဝန်ယိ၊ တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင်အကြီးအကဲ ဟီလီဖန်းတို့လည်း လိုက်ပါတယ်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ဟာနေပြည်တော်မှာ မြန်မာသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့ရှိသလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024