A d v e r t i s e m e n t With Us

မြန်မာတဦး​ ​မောင်း​သည့်​ကား​ကြောင့်​ ယာဉ် ၃ စီး​ တိုက်မှုဖြစ်၊​ ထိုင်း​ကျောင်း​သား​တဦး​ ​သေဆုံး

ထိုင်း​နိုင်ငံ တာ့​ခ်ခရိုင် မဲ​ဆောက်မြို့​မှာ မ​နေ့​က မြန်မာလူငယ်တဦး​ ​မောင်း​နှင်တဲ့​ကား​က​နေ ယာဉ် ၃ စီး​ ဆင့်​ကဲတိုက်မှု ဖြစ်ပွား​ပြီး​ ထိုင်း​ကျောင်း​သား​တဦး​ ​သေဆုံး​ခဲ့​တယ်လို့​ မန်​နေဂျာအွန်လိုင်း​ ထိုင်း​သတင်း​မှာ ​ဖော်ပြပါတယ်။ မဲ​ဆောက်မြို့​မ ရဲတပ်ဖွဲ့​ဝင်​တွေနဲ့​ ကယ်ဆယ်​ရေး​တပ်ဖွဲ့​ဝင်​တွေ အခင်း​ဖြစ်ပွား​တဲ့​နေရာကို ​ရောက်သွား​ချိန်မှာ ယာဉ်အမှတ် ၁၄၅၁ ​ကျောင်း​ကား​ပေါ်က အသက် ၁၅ နှစ်အရွယ် အထက်တန်း​ကျောင်း​သား​တဦး​ ဦး​ခေါင်း​ဒဏ်ရာနဲ့​ ​နေရာမှာတင် ​သေဆုံး​ပြီး​ အခြား​ ထိခိုက်ဒဏ်ရာရတဲ့​ က​လေး​တွေကို မဲ​ဆောက်​ဆေး​ရုံကြီး​ ပို့​ဆောင်ခဲ့​တယ်လို့​ တာဝန်ကျ ရဲကင်း​မှူး​က ထိုင်း​သတင်း​ဌာနကို ​ပြောပါတယ်။ စစ်​ဆေး​တွေ့​ရှိချက်အရ တာ့​ခ်မြို့​က​နေ မဲ​ဆောက်ကို ဦး​တည်လာတဲ့​ ဟိုင်း​လပ်ကား​တစီး​ဟာ နတ်စင်​ရှေ့​က ကုန်း​အဆင်း​အ​ရောက် အ​ရှေ့​က ​ပြောင်း​ဖူး​တင် ကုန်ကား​ကို အရှိန်နဲ့​ ဝင်တိုက်မိပြီး​ ကုန်ကား​ကလည်း​ အ​ရှေ့​က ​ကျောင်း​ကြိုပို့​ယာဉ်ကို တိုက်ခဲ့​မှု​ကြောင့်​ ​ကျောင်း​သား​တဦး​ ​သေဆုံး​ခဲ့​ပြီး​ အခြား​ကျောင်း​သား​ငယ်​တွေပါ ထိခိုက်ဒဏ်ရာရခဲ့​တာလို့​ ဆိုပါတယ်။ ဒီဗွီဘီက မဲ​ဆောက်မြို့​မရဲစခန်း​ကို ​မေး​မြန်း​ရာမှာ ယာဉ်တိုက်မှုက မ​နေ့​ ည​နေ ၅ နာရီ​လောက်မှာ ဖြစ်ပွား​ခဲ့​ပြီး​ ကား​အမြန်​မောင်း​တာ​ကြောင့်​လို့​ဆိုပါတယ်။ ဟိုင်း​လပ်တိုယိုတာ ယာဉ်အမှတ် ၆၆၃၁ ​မောင်း​လာတဲ့​ ​တောင်​ပေါ်သား​ ကတ်ကိုင်​ဆောင်သူ (ထိုင်း​နိုင်ငံတွင် ဆယ်နှစ်​နေခွင့်​ရ) မြန်မာလူမျိုး​ ​မောင်လှ (အသက် ၂၀ အရွယ်) ကို မ​နေ့​ညက ရဲစခန်း​မှာ ထိန်း​သိမ်း​ထား​ပြီး​ ဒီ​နေ့​ တရား​ရုံး​မှာ စစ်​ဆေး​နေ​ကြောင်း​ ​ဖြေဆိုခဲ့​ပါတယ်။ ဒဏ်ရာအနည်း​အကျဉ်း​ရခဲ့​တဲ့​ ​ကျောင်း​သား​အား​လုံး​က​တော့​ ဒီ​နေ့​ပဲ ​ဆေး​ရုံက ဆင်း​သွား​ပြီလို့​ ရဲစခန်း​က ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up