Home
မြန်မာသတင်း
ဘုတ်ပြင်းတွင် အမြှီးဖြတ်ခံရပြီး သေဆုံးနေသည့် တောဆင်ရိုင်းတကောင် တွေ့ရှိ
DVB
·
January 17, 2020
82842124_863218347447526_5977784501034549248_n
82820041_863218257447535_3473520208973398016_n
82529416_863218290780865_5958692667029192704_n
82307430_863218187447542_1031146425712377856_n
82210424_863218224114205_3040295830012559360_n
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ထောင်ငါးသိုင်းကျေးရွာအုပ်စု ဝါးဒင်းကျေးရွာမှာ ဇန်နဝါရီ ၁၅ ရက်က အမြီးပြတ်သေဆုံးနေတဲ့ တောဆင်ရိုင်းတကောင် တွေ့ရှိခဲ့တယ်လို့ ကော့သောင်းခရိုင်သစ်တောဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ မြိတ်-ဘုတ်ပြင်းကားလမ်း မိုင်တိုင် (၁၂၆/၂-၃) ကြားမှာ တောဆင်ရိုင်းတကောင် သေဆုံးနေကြောင်း သတင်းအရ ဘုတ်ပြင်းမြို့မရဲစခန်းမှူး ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့တာပါ။ သေဆုံးနေတဲ့ ဆင်က တောဆင်ရိုင်းအထီးဖြစ်ပြီး အမြင့် ၈ ပေ၊ အလျား ၁၀ ပေ၊ လုံးပတ် ၁၃ ပေ၊ နှာမောင်း ၅ ပေရှိပြီး အမြီးကို လှီးဖြတ်ယူသွားကာ ဘယ်ဘက်နံကြားမှာ အဆိပ်လူးမြှားဒဏ်ရာလို့ ယူဆရတဲ့ မြှားဒဏ်ရာ တွေတွေ့ရပြီး မှောက်လျက်အနေအထား သေဆုံးနေတယ်လို့ ဘုတ်ပြင်းမြို့နယ်သစ်တောဦးစီးဌာနက ပြောပါတယ်။ ပြည်ကြီးမဏ္ဍိုင်မြို့ရဲစခန်းမှာ တောအုပ်ဇော်ဇော်ဝင်းက တရာလိုပြုလုပ်ပြီး ဇီဝမျိုးစိတ်မျိုးကွဲနဲ့ သဘာဝတောထိန်းသိမ်းရေး နယ်မြေများ ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၄၁(က)အရ အမှုဖွင့်ထားတယ်လို့ ပြည်ကြီးမဏ္ဍိုင်မြို့ရဲကင်းစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ၂၀၁၉ ခုနှစ်ကလည်း တောဆင်ရိုင်းတကောင် အသတ်ခံရပြီး အရေခွံခွာ ယူဆောင်သွားတယ်လို့ သိရပါတယ်။ လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024