တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်
DVB
·
January 17, 2020
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ဟာ သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၁၇ ရက် ဒီကနေ့မနက်က မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ထွက်ခွာသွားတယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
သမ္မတရဲ့ ၂ ရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်းမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တွေ၊ နိုင်ငံတော်အတိုင်ပင်ခံ နိုင်ငံခြားရေးဝန်ကြီး ဝန်ယိ၊ တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင်အကြီးအကဲ ဟီလီဖန်းတို့လည်း လိုက်ပါသွားပါတယ်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ဟာနေပြည်တော်မှာ မြန်မာသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့ရှိသလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။
သမ္မတရှီကျင့်ဖျင်ဟာ ၂၀၀၉ ခုနှစ်က ဒုသမ္မတ တဦးအဖြစ် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးပြီး ခုတကြိမ်ဟာ တရုတ်နိုင်ငံရဲ့ အဆင့်အမြင့်အဆုံး နိုင်ငံတော်အကြီးအကဲ သမ္မတ တဦးအနေနဲ့ လာရောက်တာဖြစ်ပါတယ်။
ဓာတ်ပုံ- ChinaDaily