Home
မြန်မာသတင်း
Mrs Universe 2019 ဆုရှင်မဟန်နီကို ဂုဏ်ပြု 
DVB
·
January 16, 2020

Mrs Universe 2019ဆုရှင်မဟန်နီကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

Mrs Universe 2019 ပြိုင်ပွဲကြီးကို ဒီဇင်ဘာလ (၃၀)ရက်နေ့က တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပခဲ့ပြီး ကမ္ကာ့နိုင်ငံအသီးသီးကနေ ကိုယ်စားအလှယ်မယ် (၉၀)ကျော် ပါဝင်ယှဉ်ပြိုင် ခဲ့ကြပါတယ်။

ဝင်ရောက်ယှဉ်တဲ့ပွဲမှာတော့ အသက် (၃၇) နှစ်အရွယ်သားသမီး (၃)ယောက်မိခင်ဖြစ်တဲ့ အိမ်ထောင်ရှင်မ မြန်မာ့အလှမယ် တစ်ဦးဖြစ်တဲ့ မဟန်နီကနေ winner ဆုကို ဆွတ်ခူးခဲ့တာပါ။

အခုလို winner ဆုကိုဆွတ်ခူးရရှိခဲ့တဲ့ မဟန်နီကို ဂုဏ်ပြုတဲ့အခမ်းအနားမှာ မြို့တော်ဝန် ဦးမောင်မောင်စိုးက ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပြီး အိမ်ထောင်ရှင်မ တစ်ယောက်အနေနဲ့အခုလို ဆုဆွတ်ခူး ရရှိတာဟာ မြန်မာပြည်က အမျိုးသမီးများအတွက် များစွာသော အားအင်ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

Winner ဆုရှင် မဟန်နီဟာ Miss Golden Land Myanmar Organization ရဲ့ President အဖြစ်တာဝန်ထမ်းဆောင်နေပြီး (၄၂)ကြိမ်မြောက် Mrs Universe 2019 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024