ပြင်ဆင်ချက် ၁၇၄ ချက်နဲ့ ဗဟိုဘဏ် ဥပဒေကြမ်း အတည်ပြု

2.1K
အစိုးရအဖွဲ့က တင်သွင်းလာတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ချက် ၁၇၄ ချက်နဲ့ တင်သွင်းလာတာကို ဘဏ္ဍာအခွန်ဝန်ကြီးဌာနကလည်း ခြွင်းချက်မရှိ သဘောတူတဲ့အတွက် ပြည်သူ့လွှတ်တော်က ဖေဖော်ဝါရီ ၂၀ ရက်နေ့က အတည်ပြုပေးခဲ့ပါတယ်။
ဒီ ဥပဒေကိုဘဏ္ဍာအခွန်ဝန်ကြီးဌာနကနေ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပြီး ဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ လွှတ်တော်ဥပဒေကြမ်းကော်မတီနဲ့ ပြင်ပ ပညာရှင်တွေ၊ စိတ်ဝင်စားသူတွေ အကြိမ်ကြိမ် အခါခါ ဆွေးနွေးညှိနှိုင်းခဲ့တဲ့ ရလဒ်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။
ဒီ ဥပဒေကြမ်းအတည်ဖြစ်ပြီး အသက်ဝင်လာရင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတခု ဖြစ်လာပြီး ငွေကြေးကိစ္စတွေကို လွတ်လပ်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။