DVB Logo
Home
မြန်မာသတင်း
သဘင်အစည်း​အရုံး​ပြန်လည်ဖွဲ့စည်းဖို့​ ​လုပ်ရပ် သဘင်သမဂ္ဂ ကန့်​ကွက်
DVB
·
February 21, 2013
သဘင်အစည်း​အရုံး​ပြန်လည်ဖွဲ့စည်းဖို့​ ​လုပ်ရပ် သဘင်သမဂ္ဂ ကန့်​ကွက်
Donate to DVB

မြန်မာနိုင်ငံသဘင်အစည်း​အရုံး​ဟာ ​ငွေစာရင်း​ကွာဟမှု​တွေ ရှိ​နေတဲ့​ကြား​က ​နောက်ထပ် ​ရွေး​ကောက်ပွဲလုပ်ဖို့​ ပြင်ဆင်လုပ်ကိုင်​နေတဲ့​အတွက် ကန့်​ကွက်​ကြောင်း​ ရှင်း​လင်း​ပွဲတရပ် ရန်ကုန်မှာ ဒီ​နေ့​ ပြုလုပ်ခဲ့​ပါတယ်။

အရင် စစ်အစိုး​ရလက်ထက်က ဖွဲ့​စည်း​ခဲ့​တဲ့​ မြန်မာနိုင်ငံသဘင်အစည်း​အရုံး​ဥက္ကဋ္ဌနဲ့​ တာဝန်ရှိသူ တချို့​ ဦး​ဆောင်ပြီး​ ​ဒေသတချို့​မှာ အစည်း​အရုံး​ပြန်လည်ဖွဲ့စည်းဖို့​ ​ရွေး​ကောက်ပွဲ လုပ်တာကို မြန်မာနိုင်ငံသဘင်သမဂ္ဂက ကန့်​ကွက်​ကြောင်း​ အသိ​ပေး​ရှင်း​လင်း​ခဲ့​တာလို့​ သမဂ္ဂဒုတိယဥက္ကဋ္ဌ ဦး​နန်း​ဝင်း​က ​ပြောပါတယ်။

[caption id="attachment_36688" align="alignleft" width="150" caption="သဘင်သမဂ္ဂ ရှင်း​လင်း​ပွဲပြုလုပ်​နေစဉ်"][/caption]

“မြန်မာနိုင်ငံသဘင်ပညာရှင်များ​အစည်း​အရုံး​နဲ့​ ပတ်သက်ပြီး​ ​နောက်ထပ် ​ရွေး​ကောက်ပွဲ လုပ်တာ။ ပဲခူး​တိုင်း​၊​ ဧရာဝတီတိုင်း​၊​ မန္တ​လေး​တိုင်း​နဲ့​ မ​ကွေး​တိုင်း​တို့​ အကုန်လုံး​က လက်ရှိလုပ်​နေတဲ့​ ဦး​ရဲ​သွေး​တို့​၊​ ဦး​အောင်တင်ဝင်း​တို့​ လက်ထက်တုန်း​က ​ငွေစာရင်း​ ကွာဟမှု​တွေရှိခဲ့​တယ်။ ဒီလူ​တွေက အခုထပ်ပြီး​ရွေး​ကောက်ပွဲပြန်လုပ်၊​ ဒီလူ​တွေက ​ကော်မရှင်လုပ်​တော့​ မ​ကျေနပ်ကြဘူး​။ သူတို့​လက်သင့်​ရာစား​တော်​ခေါ်ပြီး​ တိုင်း​နဲ့​ ပြည်နယ် အကုန် ​ရွေး​ကောက်ပွဲပြန်လုပ်တာကို ကျ​နော်တို့​ ကန့်​ကွက်တာ။ အမှန်က အား​လုံး​ကို တသား​ထဲဖြစ်​စေချင်တယ်။ နိုင်ငံ​တော်ကလုပ်​နေသလို ပွင့်​လင်း​မြင်သာတဲ့​ ပုံစံမဟုတ်ဘဲ သူတို့​လုပ်​နေကျလူ​တွေ၊​ သူတို့​ပေါင်း​သင်း​နေကျလူ​တွေနဲ့​ပဲ လုပ်တာရယ်။ သူတို့​အနား​ယူမယ် ဆိုပြီး​ လူ​ဟောင်း​တွေ ပါဝင်အ​ရွေး​ခံပြီး​လုပ်​နေလို့​ ဒီအ​ပေါ် လက်ပိုက်ပြီး​ ကြည့်​မ​နေနိုင်ပါဘူး​။”

မြန်မာနိုင်ငံသဘင်အစည်း​အရုံး​နဲ့​ ​ပေါင်း​စည်း​ပြီး​ တခုတည်း​သော သဘင်အဖွဲ့​အစည်း​တရပ် ​ပေါ်ထွက်လာဖို့​ သမဂ္ဂအ​နေနဲ့​ ​မျှော်လင့်​ခဲ့​ပေမယ့်​ အစည်း​အရုံး​ဘက်က ကမ်း​လှမ်း​တာမျိုး​ မရှိခဲ့​ဘဲ အခုလို လုပ်လာတာလို့​လည်း​ သူက ​ပြောပါတယ်။

မြန်မာနိုင်ငံသဘင်သမဂ္ဂကို ပြီး​ခဲ့​တဲ့​နှစ်ထဲ ဖွဲ့​စည်း​ခဲ့​ပြီး​ သဘင်​လောကသား​အား​လုံး​ ပါဝင်တဲ့​၊​ သဘင်​လောကသား​အာလုံး​ကို ကိုယ်စား​ပြုတဲ့​ အဖွဲ့​အစည်း​တရပ် ​ပေါ်ထွက်လာဖို့​ ကြိုး​ပမ်း​နေတာပါ။

လက်ရှိ ရုပ်ရှင်နဲ့​ ဂီတအစည်း​အရုံး​တို့​လို သဘင်​လောကသား​တွေကို ကိုယ်စား​ပြု သဘင်အဖွဲ့​အစည်း​တရပ် ​ပေါ်ထွက်ဖို့​ ကြိုး​ပမ်း​နေ​ပေမယ့်​လည်း​ အခုအချိန်ထိ မဖွဲ့​နိုင်​သေး​ဘဲ ဖြစ်​နေတာပါ။

မြန်မာနိုင်ငံသဘင်သမဂ္ဂကို ဥက္ကဋ္ဌ-ချစ်ဦး​ညို၊​ ဒုဥက္ကဋ္ဌ-ဦး​နန်း​ဝင်း​၊​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​-ဦး​သိန်း​ဇော်(မန္တ​လေး​) တို့​နဲ့​ ဦး​ဆောင်ဖွဲ့​စည်း​ထား​တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013