Home
မြန်မာသတင်း
ဆင်းကတ်မဲ့ဖုန်းများ  မြန်မာပြည်တွင် ခေတ်စားလာနိုင် 
ပြည့်ဖြိုးကျော်
·
January 16, 2020
Airtel-eSIM-complete-guide_935adec67b324b146ff212ec4c69054f
တယ်လီနောသုတေသနပညာရှင်တွေရဲ့ စစ်တမ်းအရ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံမှာ ဆင်းကတ်မပါတဲ့ ဖုန်းတွေ ခေတ်စားလာနိုင်တယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်မှာ ၂၀၂၀ ပြည့်နှစ်အတွင်း လူသားတွေ ပြောင်းလဲသုံးစွဲလာမယ့် နည်းပညာတွေကို တယ်လီနောရဲ့ သုတေသနပညာရှင်တွေက စစ်တမ်းတွေပြုလုပ်ပြီး ရန်ကုန်မြို့ ဆူးလေစကွဲက တယ်လီနောရုံးချုပ်မှာ ဒီကနေ့ ထုတ်ပြန် လိုက်တာပါ။ စစ်တမ်းရလဒ်ပေါင်း  ၂၀ လောက် ရှိပေမယ့် မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ နည်းပညာငါးမျိုးကို ရွေးထုတ်ပြီးတော့ထုတ်ပြန်တာလို့ တယ်လီနော် ကုမ္ပဏီက  Bjørn Taale Sandberg က ပြောပါတယ်။ ဆင်းကတ်မဲ့ ဖုန်းနည်းပညာအပြင်၊ သဘာဝပါတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ တယ်လီကွန်း နည်းပညာတွေ၊ မိုဘိုင်းဖုန်းအော်ပရေတာတွေအပေါ်ယုံကြည်မှုတွေ၊ အင်တာနက်ရုပ်သံတွေနဲ့ ခေတ်သစ်ဂိမ်းနယ်ပယ်တွေ ပေါ်ထွန်းလာနိုင်တယ်လို့လည်း ပြောပါတယ်။ တယ်လီနောအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သီးသန့်စစ်တမ်းတွေ မလုပ်နိုင်ပေမယ့် နောင်တချိန်မှာတော့ ပြုလုပ်လာနိုင်တယ်လို့ဆိုပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024