မောင်တောကမ်းခြေ၌ ဝေလငါး ၁ ကောင် ကမ်းတင်သေဆုံး
DVB
·
January 16, 2020
ရခိုင်ပြည်နယ်-မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော် ကမ်းခြေအနီးမှာ ဝေလငါး တကောင် ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းက ကမ်းတင်သေဆုံးနေပါတယ်။
အဆိုပါဝေလငါးဟာ အရှည် ၄၅ ပေ၊ လုံးပတ် ၃၀ ပေလောက် ရှိပြီး မောင်တောကမ်းခြေမှာ သောင်တင်သေဆုံးတာလို့ သိရပါတယ်။
မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က "ငါးလုပ်ငန်းက တာဝန်ရှိသူတွေကို စေလွှတ်ထားပါတယ်။ ဘာကြောင့် သေဆုံးရတာလဲ။ ရေထုညစ်ညမ်းတဲ့အတွက်ကြောင့်လား။ သဘာဝအတိုင်း သေတာလားဆိုတာ သိရှိဖို့ပေါ့လေ။ အရှင်ဆိုတော့ သူအသက်ရှင်နိုင်ဖို့ ကြိုးစားပေးရမှာပေါ့။ အသေဆိုတော့လည်း မြေမြုပ်လိုက်ရ ရမှာပေါ့လေ"လို့ ပြောပါတယ်။
ကောင်းကောင်း