Home
သတင်းဓာတ်ပုံ
ကျိုက်မရောက ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော် (ဓာတ်ပုံသတင်း)
DVB
·
January 16, 2020
83406461_2831624563554603_5709619941506809856_o
82924059_2831620663554993_4233743061181530112_o
82904374_2831624086887984_6486184255217991680_o
82619862_2831619890221737_1156036275019448320_o
82609166_2831621490221577_5845140882843500544_o
82560295_2831622656888127_6190246096397139968_o
82529415_2831622016888191_2552598402311389184_o
82453944_2831626290221097_9031785026227798016_o
82334726_2831624296887963_6157292431537602560_o
82291877_2831626510221075_1996891876875042816_o
82236266_2831618616888531_5049667327071617024_o
82219425_2831620980221628_4168650435218898944_o
82194050_2831622283554831_4734769125316886528_o
82160708_2831621300221596_7165220830983487488_o
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းက ကျင်းပနေပါတယ်။ ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို ဘိုးစဉ်ဘောင်ဆက်ကတည်းက တနှစ်တခါ ပုံမှန်ကျင်းပလာ ခဲ့ကြတာဖြစ်ပြီး အင်းအနီးအနားကျေးရွာတွေဖြစ်တဲ့ ငပုအင်းကျေးရွာ၊ ကျုံကွယ်ကျေးရွာနဲ့ ကော့စပ်ကျေးရွာတွေက နှစ်စဉ်အလှည့်ကျစနစ်နဲ့ ကျင်းပကြတာပါ။ ကော့စပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောမြင့်ဝေက “ဒီငါးဖမ်းပွဲတော်ဆိုတာက ရေအခြေအနေကို ကြည့်ပြီးလုပ်ရပါတယ်။ ၂၀၁၇ ခုနှစ်နောက်ပိုင်းလောက်ကစပြီး လူမှုကွန်ရက် စာမျက်နှာတွေက တဆင့် လူသိများလာတာပါ။ ဖွင့်ပွဲကတရက်ပဲဆိုပေမယ့် အင်းထဲကရေခမ်းပြီး ငါးကုန်တဲ့အထိ လာရောက်ဖမ်းဆီးခွင့်ပြုထားပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။ အဲ့ဒီငါးဖမ်းပွဲတော်ကိုကျင်းပနိုင်ဖို့ ရှေးဦးစွာရိုးရာဓလေ့အရ ဘုရင့်နန်းတော်တွေ၊ ဆင်ထိန်းနေရာတွေ၊ ဆင်ချည်တိုင်တွေကိုပြုလုပ်ပေးရပြီး ငါးဖမ်းပွဲတော်စတင်ကျင်းပချိန်ကနေ တန်ခူးလအင်းရေခန်းတဲ့အထိ မည်သူမဆိုလာရောက်ဖမ်းဆီးနိုင်တယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024