DVB Logo
Home
မေးမြန်းခန်း
အကြိုညှိနှိုင်း​ပွဲအ​ပေါ် တိုင်း​ရင်း​သား​မဟာမိတ်အဖွဲ့​ အား​ရ
DVB
·
February 20, 2013
အကြိုညှိနှိုင်း​ပွဲအ​ပေါ် တိုင်း​ရင်း​သား​မဟာမိတ်အဖွဲ့​ အား​ရ
Donate to DVB

သမ္မတရုံး​ဝန်ကြီး​ ဦ​အောင်မင်း​ဦး​ဆောင်တဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်မှုလုပ်ငန်း​အဖွဲ့​ နဲ့​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ အကြိုညှိနှိုင်း​ပွဲဟာ ရင်း​နှီး​ပွင့်​လင်း​ပြီး​ အား​ရ​ကျေနပ်မှုရှိတယ်လို့​ ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ဖက်ဒရယ်​ကောင်စီ (ယူအန်အက်ဖ်စီ) ​အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ဆိုပါတယ်။

ထိုင်း​နိုင်ငံ ချင်း​မိုင်မြို့​က ​ဟောလီး​ဒေး​အင်း​ဟိုတယ်မှာ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ​တွေ လုပ်​ဆောင်ဖို့​အတွက် အကြိုညှိနှိုင်း​ဆွေး​နွေး​ကြတာ ဖြစ်ပါတယ်။

ဆွေး​နွေး​ပွဲအ​ခြေအ​နေနဲ့​ပတ်သက်ပြီး​ နိုင်ဟံသာကို ​မေး​မြန်း​ထား​ပါတယ်။

တိုင်း​ရင်း​သား​မဟာမိတ်အဖွဲ့​နဲ့​ အစိုး​ရကြား​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲအစပွဲမှာ ဘယ်​လောက် ​မျှော်လင့်​ချက်​တွေ။ အဆင်မ​ပြေတာ​တွေ၊​ အဆင်​ပြေတာ​တွေရှိလဲ။

[caption id="attachment_36674" align="alignright" width="150" caption="Photo _ DVB "][/caption]

“အများ​ကြီး​ကောင်း​တယ်။ ကျ​နော်တို့​နိုင်ငံမှာ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲဆိုပြီး​ စစ်စစ်မှန်မှန်နဲ့​ ​ဆွေး​နွေး​ခဲ့​ဖူး​တာ မရှိသ​လောက်ပဲ။ အခု စတာဖြစ်တယ်။ အစပိုင်း​မှာ ဒီ​လောက် ရင်း​ရင်း​နှီး​နှီး​ ခင်ခင်မင်မင်နဲ့​ သ​ဘောထား​မှန်မှန်နဲ့​ ​ဆွေး​နွေး​ခဲ့​ကြတာ ​တော်​တော်​လေး​ ​ကောင်း​တယ်။ အများ​ကြီး​အား​ရတယ်။ ​နောက်ပိုင်း​မှာလည်း​ ဒီ​နေ့​ ညှိနှိုင်း​မှုအ​ပေါ်မှာ အမြင်​တွေအများ​ကြီး​နီး​စပ်တယ်။ အ​ဖြေ​ကောင်း​တွေရလာမယ်လို့​ မြင်တယ်။”

ယူအန်အက်ဖ်စီက​နေ ကိုင်ဆွဲထား​တဲ့​ ဖက်ဒရယ်ပြည်​ထောင်စုနဲ့​ အစိုး​ရဘက်က တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​နဲ့​ပတ်သက်ပြီး​ အန်ကယ်တို့​ စာသား​နဲ့​ပတ်သက်ပြီး​ အစိုး​ရဘက်ကစိုး​ရိမ်ပူပန်တာ​တွေရှိတယ်။ အခု ဒီပွဲမှာ​ရော ဘယ်လိုမြင်ရလဲ။

“ကျ​နော်တို့​မေး​မြန်း​မှုအ​ပေါ်မှာ အစိုး​ရဘက်က အမျိုး​သား​တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​ကို နား​လည်လာတဲ့​ပုံရှိတယ်။ ဒါ​ပေမယ့်​ ​ဝေါဟာရအပိုင်း​မှာ​တော့​ အထိုက်အလိုက်ကွာဟမှုရှိတာယ်။ ​ယေဘုယျသ​ဘောက​တော့​ လက်ခံလာ​နေတဲ့​ အ​နေအထား​မျိုး​ဖြစ်​နေလို့​ ​တော်​တော်​လေး​ ​ကောင်း​တဲ့​အလား​အလာလို့​ မြင်တယ်။”

သမ္မတကြီး​ ဦး​သိန်း​စိန် ကိုင်စွဲထား​တဲ့​မူ ၈ ချက်ထဲမှာ ယူအန်အက်ဖ်စီက​နေ စိုး​ရိမ်ပူပန်တာ​တွေရှိတယ်။ လွှတ်​တော်ထဲကို ဝင်၊​ ​ရွေး​ကောက်ပွဲဝင် ပြီး​မှ ၂၀၀၈ ဖွဲ့​စည်း​ပုံကိုပြင် အဲလိုဆိုရင် အန်ကယ်တို့​က အ​ခြေအ​နေအရမဖြစ်နိုင်ဘူး​ပြောတယ်။ အဲ​တော့​ အခုအ​ခြေအ​နေအရ​ရော အစိုး​ရဘက်က ဒီမူအတိုင်း​ ကိုင်စွဲတုန်း​ပဲလား​။

“ဒါကလည်း​ အများ​ကြီး​ညှိနှိုင်း​သွား​ရဦး​မယ်။ အ​ဖြေအတိအကျရယ်လို့​ မ​ပြောနိုင်​သေး​ဘူး​။ နှစ်ဖက်​ဆွေး​နွေး​မှုက ၂ လအတွင်း​ ဒါမှမဟုတ် ဒီထက်​စောဖြစ်နိုင်လား​ဆို​တော့​ ဖြစ်နိုင်ပါတယ်။”

အန်ကယ်တို့​ ​ဆွေး​နွေး​တဲ့​အခါမှာ ​လေ့​လာသူအဖြစ် ​နောက်ပိုင်း​မှာ ဘယ်သူ့​ကိုဖိတ်မယ်၊​ ကြား​ဝင် ဖျန်​ဖြေသူအဖြစ် ဘယ်သူ့​ကို ဖိတ်မယ်ဆိုတာ​တွေ၊​ ဥပမာ ​ဒေါ်​အောင်ဆန်း​စုကြည်ကလည်း​ ငြိမ်း​ချမ်း​ရေး​အတွက် ဝင်​ရောက်​ဆောင်ရွက်ချင်တယ်လို့​ ​ပြောတာရှိတယ်။ အဲဒီအ​ပေါ်မှာ နှစ်ဖက်လုံး​ရဲ့​ သ​ဘောထား​က ဘယ်လိုရှိလဲ။

“ဒါ​တွေက​တော့​ အ​သေး​စိတ် ကျ​နော်တို့​ မူမချရ​သေး​ဘူး​။ ​ယေဘုယျအား​ဖြင့်​ပဲ ဘယ်လိုလူမျိုး​ စသဖြင့်​ ပါဝင်နိုင်ဖို့​ ညှိနှိုင်း​ကြတယ်။ ​ယေဘုယျပဲ ကျ​နော်တို့​ သ​ဘောတူညီမှု ရထား​တယ်။”

ဒီ​ဆွေး​နွေး​ပွဲက​နေ ပြည်သူလူထုကို ဘာများ​ ​ပြောချင်ပါသလဲ။

“ကျ​နော်တို့​ အခုလို အစိုး​ရဘက်က ကိုယ်စား​လှယ်​တွေ လာတဲ့​အ​ပေါ်မှာ တကယ်ရန်ဘက်ကြီး​လိုဖြစ်​နေတဲ့​ ပြည်တွင်း​စစ်ရဲ့​ နှစ်ဖက်အင်အား​စု အခုလို ​တွေ့​ဆုံနိုင်တာဟာ အများ​ကြီး​ အလား​အလာ ​ကောင်း​တယ်။ ​ပြောကြ ဆိုကြတာ​တွေလည်း​ အ​တော်​ကောင်း​တယ်။ ကျ​နော်တို့​နိုင်ငံမှာ ပြည်တွင်း​စစ်ဒဏ်ကို ၆၅ နှစ်တိတိ ခံ​နေရတဲ့​အ​ပေါ်မှာ၊​ ဒုက္ခအ​တော်​လေး​ ​တွေ့​ကြုံရတဲ့​အ​ပေါ်မှာ ဒီလိုနိုင်ငံ​ရေး​အရ အ​ဖြေမရှာလို့​ မဖြစ်​တော့​ဘူး​ ဆိုတဲ့​အ​ပေါ်မှာလည်း​ ​လေး​နက်မှု ​တွေ့​ရတယ်။ ဒါ​ကြောင့်​ ကျ​နော်တို့​နိုင်ငံဟာ တဖက်ကကြည့်​မယ်ဆိုရင် မိုး​လင်း​ဖို့​ အလင်း​ရောင်​လေး​တွေ အလိုလိုမြင်​နေရတဲ့​သ​ဘောလို့​ ဥပမာအ​နေနဲ့​ ​ပြောလိုပါတယ်။”

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013