Home
မြန်မာသတင်း
 မြန်မာ-ဂျပန်ချစ်ကြည်ရေး ချယ်ရီပန်းစိုက်ပွဲတော် လွိုင်ကော်တွင်ကျင်းပ
နော်နိုရင်း
·
January 15, 2020
81981559_10218869193134243_7710191376993878016_o
82930887_10218869183213995_6390549360899260416_o
83082397_10218869192054216_6457353982300913664_o
82476803_10218869187614105_7650399157286338560_o
82127468_10218869191694207_4155507830998171648_o
82417375_10218869183494002_6876313645295337472_o
82230632_10218869189534153_7149256351644909568_o
82038249_10218869190294172_4355578686229970944_o
81995358_10218869186494077_1749661846941466624_o
စတုတ္ထအကြိမ်မြောက် မြန်မာ-ဂျပန်ချစ်ကြည်ရေး ချယ်ရီပန်းစိုက်ပွဲတော်ကို ကယားပြည်နယ် လွိုင်ကော်မြို့ ဗုဒ္ဓဥယျာဉ်မှာ ဇန်နဝါရီ ၁၅ ရက်နေ့ ညနေပိုင်းက ပြုလုပ်ပါတယ်။  ၆၈ နှစ်မြောက်ကယားပြည်နယ်နေ့ အထိမ်းအမှတ်အနေနဲ့ ချယ်ရီပန်းပင် ၂၀၀ ကို စိုက်ပျိုးတာဖြစ်ပြီး ချယ်ရီပန်း စိုက်ပျိုးပွဲတော်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက် စိုက်ပျိုးခဲ့ပါတယ်။  ချယ်ရီပန်းဟာ ဂျပန်တွေအတွက် အလှအပ၊ သိမ်မွေ့မှုကို ကိုယ်စားပြုသလို သစ္စာရှိမှုကို ကိုယ်စားပြုတာကြောင့် နှစ်နိုင်ငံအကြားမှာရှိတဲ့ ချစ်ကြည်မှုကိုကိုယ်စားပြုတာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “ကျမတို့ နိုင်ငံနှစ်နိုင်ငံဟာ ပူးပေါင်းပြီးတော့ ချစ်ကြည်ရေးအတွက် ချယ်ရီပန်းပင်တွေ စိုက်တယ်ဆိုတာဟာ ကျမတို့နိုင်ငံ၊ ကျမတို့ ပြည်ထောင်စုသား တိုင်းရင်းသားအားလုံးကလည်း သိမ်မွေ့မှု၊ လှပမှု၊ တင့်တယ်မှု၊ သစ္စာရှိမှု ဘဝကိုလှလှပပ ဖြတ်သန်းနိုင်မှုကို တန်ဖိုးထားတယ်ဆိုတာ ကို ဖော်ပြတာဖြစ်ပါတယ်။ ကျမတို့ နိုင်ငံနှစ်နိုင်ငံရဲ့ ကြားမှာရှိတဲ့ ချစ်ကြည်မှုကိုလည်း ကိုယ်စားပြု ပါတယ်။ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာနှစ်ပေါင်းများစွာ ချစ်ကြည်ရင်းရင်းနှီးနှီးနဲ့ နေခဲ့တယ်။ ကျမတို့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေထဲမှာ အဆိုးအကောင်းအမျိုးစုံရှိခဲ့ပါတယ်။ အဆိုးအကောင်းရှိတဲ့ အထဲမှာ အလှအပတွေကိုသာကျမတို့ မီးမောင်းထိုးတာကြောင့်မို့ နှစ်နိုင်ငံချစ်ကြည်ရေးဟာ တနေ့ထက်တနေ့ ပိုပြီးတော့ တိုးတက်လာတာကို ကျမတို့ တွေ့ရပါတယ်။ ” မြန်မာ-ဂျပန် ချစ်ကြည်ရေးချယ်ရီပန်းစိုက်ပွဲကို နေပြည်တော်မှာ ၂ ကြိမ်၊ ရန်ကုန်မှာ တကြိမ်နဲ့ ဒီကနေ့ လွိုင်ကော်မှာ စတုထ္တအကြိမ် စိုက်ပျိုးတာဖြစ်ပါတယ်။  လွိုင်ကော်မြို့မှာ ဒီနေ့မနက်ကျင်းပတဲ့ ကယားပြည်နယ်နေ့ မုခ်ဦး ဖွင့်ပွဲအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သလို  လူထုတွေကိုလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။  ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဗိုလ်ချုပ်ကြေးရုပ်တုစိုက်ထူတာကို ကန့်ကွက်လို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ကရင်နီလူငယ်တွေနဲ့လည်း ဒီကနေ့ နေ့လယ်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024