DVB Logo
Home
မြန်မာသတင်း
အစိုး​ရနှင့်​ တိုင်း​ရင်း​သား​မဟာမိတ်အဖွဲ့​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲအကြို စတင်
DVB
·
February 20, 2013
အစိုး​ရနှင့်​ တိုင်း​ရင်း​သား​မဟာမိတ်အဖွဲ့​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲအကြို စတင်
Donate to DVB

ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ (ယူအန်အက်ဖ်စီ) နဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​တို့​ ထိုင်း​နိုင်ငံ ချင်း​မိုင်က ဟိုတယ်တခုမှာ ပထမဆုံး​အကြိမ် တရား​ဝင်​ဆွေး​နွေး​ကြပြီး​ ၂ လအတွင်း​ ထပ်​တွေ့​ကြဖို့​ သ​ဘောတူ​ကြောင်း​ ပူး​တွဲ​ကြေညာလိုက်ကြပါတယ်။

ဒီက​နေ့​ အကြိုညှိနှိုင်း​ဆွေး​နွေး​ပွဲတက်​ရောက်လာတဲ့​ နှစ်ဘက်​ခေါင်း​ဆောင်​တွေက ​ဆွေး​နွေး​ပွဲဟာ အတိုင်း​အတာတခုအထိ ​အောင်မြင်တယ်လို့​ ထုတ်​ဖော်​ပြောဆိုကြပါတယ်။

အစိုး​ရငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​ခေါင်း​ဆောင် သမ္မတရုံး​ဝန်ကြီး​ ဦး​အောင်မင်း​က ׂ“ကျ​နော်တို့​နိုင်ငံမှာ လက်နက်ကိုင်ပြဿနာဟာ နှစ်​ပေါင်း​ ၆၀ ​ကျော်ခဲ့​ပါပြီ။ တိုင်း​ရင်း​သား​တွေ အစဉ်တစိုက်​တောင်း​ဆိုတာဟာ နိုင်ငံ​ရေး​ကြောင့်​ ဒီပြဿနာဖြစ်တယ်လို့​ ​တောင်း​ဆိုတယ်။ အဲ​တော့​ နိုင်ငံ​ရေး​တွေ့​ဆုံ​ဆွေး​နွေး​ပွဲလုပ်ရမယ်။ ဒါမှပဲ ပြဿနာ​တွေ​ပြေငြိမ်း​မယ်လို့​ ​ပြောပါတယ်။ အရင် အစိုး​ရအဆက်ဆက်မှာ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲစကား​ဝိုင်း​ကို မ​ရောက်ခဲ့​ပါဘူး​။ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲကို ကျ​နော်တို့​အစိုး​ရက လုပ်​နေပါပြီ။ ဒီ​နေ့​မှာလုပ်တဲ့​ အဖွဲ့​ဟာ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​ ၁၁ ဖွဲ့​နဲ့​ နိုင်ငံ​ရေး​ဆွေး​နွေး​ဖို့​ စတင်​နေတာဖြစ်ပါပြီ။ Frame Work ​တွေလုပ်တယ်။ Time Frame ​တွေလုပ်တယ်။ ​နောက်ထပ် ဆက်တိုက်လုပ်ဖို့​လည်း​ ဆုံး​ဖြတ်ပြီး​သား​ဖြစ်တယ်။

“ဒါ​ကြောင့်​ ဘာပဲဖြစ်ဖြစ် ငြိမ်း​ချမ်း​ရေး​ရဲ့​အစ၊​ လမ်း​ကြောင်း​မှန်​ပေါ်​ရောက်​နေပြီလို့​ ​ပြောလို့​ရတယ်။ ​နောက်တကြိမ် ၂ လအတွင်း​ဖြစ်နိုင်လား​ဆို​တော့​ ဖြစ်နိုင်ပါတယ်။ ကျ​နော်တို့​ထဲ ကန့်​သတ်ချက်ဘာမှမရှိဘူး​။ ဒီ​နေ့​ဆွေး​နွေး​ပွဲမှာလည်း​ အခက်အခဲ ဘာမှမရှိဘူး​။ ဝိုင်း​ဝန်း​ဆွေး​နွေး​ခဲ့​တဲ့​အချက်​တွေထဲမှာ နှစ်ဖက်သ​ဘောတူနိုင်တာ​တွေ အများ​ကြီး​ပါပါတယ်။ ​နောက်​ဆွေး​နွေး​ပွဲ​တွေမှာလည်း​ ဒီအတိုင်း​ဖြစ်မယ်လို့​ပဲ ယူဆပါတယ်။ ၂ လအတွင်း​ဖြစ်နိုင်ပါတယ်။ ဒီထက်​စောလုပ်မယ်ဆိုရင်လည်း​ လုပ်လို့​ရတဲ့​ အ​နေအထား​ရှိပါတယ်” လို့​ ​ပြောပါတယ်။

ယူအန်အက်ဖ်စီ​အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “တကယ်ရန်ဘက်ကြီး​လိုဖြစ်​နေတဲ့​ ပြည်တွင်း​စစ်ရဲ့​ နှစ်ဖက်အင်အား​စု အခုလို ​တွေ့​ဆုံနိုင်တာဟာ အများ​ကြီး​ အလား​အလာ ​ကောင်း​တယ်။ ​ပြောကြ ဆိုကြတာ​တွေလည်း​ အ​တော်​ကောင်း​တယ်။ ကျ​နော်တို့​နိုင်ငံမှာ ပြည်တွင်း​စစ်ဒဏ်ကို ၆၅ နှစ်တိတိ ခံ​နေရတဲ့​အ​ပေါ်မှာ၊​ ဒုက္ခအ​တော်​လေး​ ​တွေ့​ကြုံရတဲ့​အ​ပေါ်မှာ ဒီလိုနိုင်ငံ​ရေး​အရ အ​ဖြေမရှာလို့​ မဖြစ်​တော့​ဘူး​ဆိုတဲ့​အ​ပေါ်မှာလည်း​ ​လေး​နက်မှု ​တွေ့​ရတယ်။ ဒါ​ကြောင့်​ ကျ​နော်တို့​နိုင်ငံဟာ တဖက်ကကြည့်​မယ်ဆိုရင် မိုး​လင်း​ဖို့​ အလင်း​ရောင်​လေး​တွေ အလိုလိုမြင်​နေရတဲ့​သ​ဘောလို့​ ဥပမာအ​နေနဲ့​ ​ပြောလိုပါတယ်” လို့​ ဆိုပါတယ်။

နှစ်​ပေါင်း​ ၆၀ ​ကျော် လက်နက်ကိုင်တိုက်လာတဲ့​ ​ကေအန်ယူ၊​ ​ကေအိုင်အို၊​ ​ကေအန်ပီပီနဲ့​ မွန်ပြည်သစ်ပါတီစတဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေ စုစည်း​ထား​တဲ့​ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီနဲ့​ အစိုး​ရအကြား​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ​တွေစတင်ဖို့​ မနှစ်က သ​ဘောတူခဲ့​ကြတာဖြစ်ပြီး​ နှစ်ဘက် ပထမဆုံအကြိမ် ​ဆွေး​နွေး​မှု ဖြစ်ပါတယ်။

အကြိုပြင်ဆင်​ရေး​ကာလနဲ့​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲတ​လျှောက်မှာ ယူအန်အက်ဖ်စီ နယ်​မြေ​တွေ အတွင်း​မှာ လူသား​ချင်း​စာနာမှုဆိုင်ရာကိစ္စ​တွေ၊​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​နဲ့​ စိုက်ပျိုး​ရေး​ကဏ္ဍ​တွေမှာ နိုင်ငံတကာပံ့​ပိုး​မှု​တွေကို ဆက်လက်​ဆောင်ရွက်နိုင်ဖို့​လည်း​ ​ဆွေး​နွေး​ကြပါတယ်။ နှစ်ဘက်အလုပ်အဖွဲ့​တွေ အခါအား​လျော်စွာ ထိ​တွေ့​ဆွေး​နွေး​ကြမယ်လို့​ ပူး​တွဲ​ကြေညာချက်က ဆိုပါတယ်။

နိုင်ငံ​ရေး​တွေ့​ဆုံ​ဆွေး​နွေး​ပွဲအဆင့်​ကို ဒီက​နေ့​ မ​ရောက်​သေး​ပေမယ့်​ နိုင်ငံ​ရေး​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ​တွေ ​ဆောင်ရွက်နိုင်ဖို့​အတွက် ​ခေါင်း​စဉ်​တွေခွဲပြီး​ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

မနက် ၉ နာရီက​နေ ည​နေ ၅ နာရီထိ ချင်း​မိုင်မြို့​က Holiday Inn ဟိုတယ်မှာ ကျင်း​ပတဲ့​ ဒီအကြိုညှိနှိုင်း​ပွဲမှာ တိုင်း​ရင်း​သား​လူမျိုး​များ​ရဲ့​ ငြိမ်း​ချမ်း​ရေး​ဆိုင်ရာ နိုင်ငံ​ရေး​ လုပ်ငန်း​စဉ် ၆ ချက်ကို ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

ဒါ့​အပြင် နိုင်ငံ​ရေး​ဦး​တည်ချက်၊​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲအတွက် မူ​ဘောင်၊​ အချိန်ဇယား​၊​ ​နေရာ၊​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲမှာ ချမှတ်ရမယ့်​ အစီအစဉ်​တွေ ကြိုတင်ညှိနှိုင်း​ရေး​ဆွဲခြင်း​၊​ ကြား​ဝင်ဖျန်​ဖြေသူ၊​ ​စောင့်​ကြည့်​သူ၊​ ​လေ့​လာသူနဲ့​ သက်​သေ​တွေ ထား​နိုင်​ရေး​ အ​ထွေ​ထွေကိစ္စ​တွေကို ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

ဒီ​ဆွေး​နွေး​ပွဲကို အစိုး​ရဘက်က ပြည်​ထောင်စုဝန်ကြီး​တွေဖြစ်တဲ့​ ဦး​အောင်မင်း​၊​ ဦး​ခင်ရီ အပါအဝင် ပြည်​ထောင်စုဝန်ကြီး​ ၃ ဦး​နဲ့​ ​ရှေ့​နေချုပ်တို့​လည်း​ တက်​ရောက်သလို မြန်မာငြိမ်း​ချမ်း​ရေး​ စင်တာက ပုဂ္ဂိုလ်​တွေ၊​ ငြိမ်း​ချမ်း​ရေး​အကျိုး​တော်​ဆောင်​တွေ တက်​ရောက်ပါတယ်။

ယူအန်အက်ဖ်စီဘက်က​တော့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ နိုင်ဟံသာ၊​ ​တွဲဖက်အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊​ ​ကေအိုင်အိုအဖွဲ့​က ​ဒေါက်တာလဂျာနဲ့​ ​ကေအန်ပီပီက ခူး​ဦး​ရယ် စတဲ့​ ယူအန်အက်ဖ်စီ ​ခေါင်း​ဆောင်​တွေ တက်​ရောက်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013