တရုတ်နိုင်ငံ၌ ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်သစ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နိုင်

(Reuters: China Daily CDIC)
တရုတ်နိုင်ငံမှာ  ကူးစက်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ လူကနေ လူကို ကူးစက်မှုကို မိသားစုတွေထဲမှာ ကန့်သတ် ထိန်းချုပ်ထားပေမယ့် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နိုင်တဲ့ ဖြစ်နိုင်ချေတွေ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်တွေဟာ ဗိုင်းရပ်စ်မိသားစုကြီး တခုဖြစ်ပြီး သာမန် အအေးမိ ဖျားနာရာကနေ ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါ SARS အဆင့်ထိ ဖြစ်နိုင်တဲ့ ကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတခု ကူးစက်ခံထားရလို့ တရုတ်အမျိုးသမီး တယောက်ကို ထိုင်းနိုင်ငံထဲမှာ တခြားသူတွေနဲ့ ပေးမတွေ့ဘဲ သီးခြားထားပြီး ဆေးကုပေးနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။  ဒါဟာ တရုတ်နိုင်ငံ ပြင်ပမှာ ပထမဆုံး ထောက်လှမ်းတွေ့ရှိတဲ့ ဗိုင်းရပ်စ်လည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်ပြည်နယ်မှာ နမိုးနီးယား အဆုတ်ရောင် ကူးစက်မှု ၄၁ယောက်ရှိပြီး ကနဦး ဓာတ်ခွဲစမ်းသပ်ချက်အရ ကိုရိုနာ ဗိုင်းရပ်စ် မျိုးစိတ်သစ် ဖြစ်နိုင်တယ်လို့ အစိုးရမီဒီယာက ပြောပါတယ်။ “လူနာတယောက် သေဆုံးပြီးပါပြီ။ လူကနေ လူကို ကူးစက်တာကို မတားနိုင်ဘူးဆိုတာ အခုတော့ အင်မတန် ရှင်းသွားပြီ”လို့ WHO ရဲ့ အသစ်ထွက်ပေါ်လာတဲ့ ရောဂါဌာန အကြီးအကဲ မာရီယာ ဗန် ကာခိုဗီက ပြောပါတယ်။  ဗိုင်းရပ်စ်မျိုးစိတ်သစ်ရဲ့ အစောပိုင်းကာလဖြစ်နေလို့ ရှင်းလင်းတဲ့ လက်တွေ့ ပုံဖော်နိုင်မှု မရှိသေးဘူးလို့ သူက ဂျီနီဗာမြို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်တချို့က မပြင်းထန်တဲ့ ရောဂါကို ဖြစ်စေပေမယ့် မားစ် ဗိုင်းရပ်စ်ကတော့ အများကြီး ပိုဆိုးရွားပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို ဖြစ်စေပါတယ်။ ဗိုင်းရပ်စ်အသစ် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ကမ္ဘာတဝန်းက ဆေးရုံတွေကို လမ်းညွှန်ချက် ပေးပြီးပါပြီ။  ဗိုင်းရပ်စ်သစ်အတွက် သီးခြားကုသနည်း မရှိသေးပေမယ့် ဗိုင်းရပ်စ် နှိမ်နင်းရေး နည်းလမ်းတွေကို စဉ်းစားနေတယ်လို့ မာရီယာက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up