Home
မြန်မာသတင်း
စစ်ကိုင်းပညာရေးကောလိပ်တွင် ဖဲကြိုးစိမ်းကမ်ပိန်းပြုလုပ် 
Aung Aung Naing
·
January 15, 2020
83209155_470827803807716_5579083498695688192_n
82689541_470827750474388_1940640509810704384_n
82621242_470828110474352_611983443261128704_n
82591351_470827847141045_4037278702873083904_n
82548211_470827510474412_8786773892363452416_n
82547768_470827430474420_2804157896718286848_n
82090595_470827623807734_1427191832592252928_n
အခြေခံပညာကျောင်းတွေမှာ အတန်းငယ်တွေ မတ်လကုန်အထိစာသင်ဖို့ ပညာရေးဌာနက လုပ်ဆောင်နေတာကို ကန့်ကွက်တဲ့အနေနဲ့ စစ်ကိုင်းမြို့ ပညာရေးကောလိပ်က ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး စတေကာကမ်ပိန်းနဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်ပါတယ်။ စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မင်းခန့်ဇော်က “ အတန်းငယ် တွေကို မတ်လကုန် အထိ ကျောင်းတက်ရေးအဆိုကို အခြေခံဆရာ ဆရာမမတွေ အားလုံးနဲ့ သဘောထားနဲ့အညီ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ပညာရေးဝန်ကြီးဌာနကို အသိပေးတာ ဖြစ်ပါတယ်။ ဒါအပြင် ပညာရေးဝန်ကြီးဌာနအား အခြေခံဆရာ၊ဆရာမများရဲ့ သဘောထားကို အလေးထားစေလိုတာ ကြောင့် ကန့်ကွက်ရတာ ဖြစ်တယ်”လို့ ပြောပါတယ်။ “အတန်းငယ်လေးတွေကို မတ်လနောက်ဆုံးပတ်တွင် စာမေးပွဲ စစ်ဆေးခြင်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်” ဆိုတဲ့စာတန်းပါ စတေကာတွေကို စစ်ကိုင်းပညာရေး ကောလိပ် ကျောင်းသား/ကျောင်းသူ ၁၀၀ ကျော်က လိုက်လံကပ်ပေးကာ ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ်ခဲ့ကြပါတယ်။ ဒီကိစ္စ တပတ်အတွင်းပညာရေးဌာနအနေနဲ့ အကြောင်းပြန်ကြား ခြင်းမရှိပါက အတန်းငယ်လေးတွေရဲ့ ကျောင်းသား မိဘတွေနဲ့အတူ အရှိန်အဟုန်ကိုမြှင့်တင် ကန့်ကွက်သွားဖို့ စီစဉ်နေ ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024